
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၉ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း ၇ ရက်
( ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၅ ရက် )
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရတနာဒီပ၊ ငုရွှေဝါလမ်းနှင့် အင်ကြင်း(၂)လမ်းထောင့်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်