ဖလော်ရီဒါ ကွန်ဒို၏ ကျန်ရှိနေသည့်အစိတ်အပိုင်းများကို ဖြိုချ 

 

 

ဖလော်ရီဒါ   ဇူလိုင်   ၆


အမေရိကန်ပြည်ထောင်စုဖလော်ရီဒါရှိ ပြိုကျခဲ့သည့်ကွန်ဒို၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများကို အပြည့် အဝ ဖြိုချမှုပြုလုပ်ခဲ့သည်ဟု သိရသည်။ ပျောက်ဆုံးနေသည့် ၁၁၈ ဦးကို ဆက်လက်ရှာဖွေနိုင်ရေးအတွက် ရှင်းလင်းမှုများ လုပ်ဆောင်နိုင်ရန် ကျန်ရှိနေသည့် အစိတ်အပိုင်းများကို ဇူလိုင် ၄ ရက်က ဖြိုချခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသည့် အဆောက်အအုံတစ်စိတ်တစ်ပိုင်းကို ဖြိုချနိုင်ရေးဖောက်ခွဲရေးပစ္စည်းမျာကို အသုံးပြုခဲ့သည်ဟု သိရသည်။
မိုင်ယာမီကမ်းခြေအနီးရှိ   အဆိုပါ   အဆောက် အအုံကိုဖြိုချရာတွင် မြေကြီးတုန်ခါမှု စက္ကန့်အနည်း ငယ်ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 
အထပ် ၁၂ ထပ်ရှိသည့် အဆိုပါ တာဝါမှ ဇွန် ၂၄ ရက်က တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ ဒေသခံအာဏာပိုင် များက အဆိုပါအဆောက်အအုံကို ဖြိုချရန် ဆုံးဖြတ် ခဲ့ကြသည်။ 
ကျန်ရှိနေသည့်   အစိတ်အပိုင်းမှာ   အန္တရာယ် များပြားပြီး    ရှာဖွေကယ်ဆယ်ရေး   လုပ်ရာတွင် အဟန့်အတားများဖြစ်ပေါ်စေသည့်အတွက် ယခုလို ဖြိုခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 
ယခုအခါ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးသမားများ သည်ကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်လုပ် ကိုင်နေပြီဟု ဒေသတွင်းမီဒီယာများတွင်   ဖော်ပြကြ သည်။ 
အဆောက်အအုံဖြိုချလိုက်ခြင်းကြောင့် ယခင်က  အနားမကပ်နိုင်သည့် နေရာများအနီးသို့ပါ သွားလာ နိုင်ပြီဖြစ်သည်ဟု သိရသည်။ 
အပူပိုင်းမုန်တိုင်းအန္တရယ်နီးကပ်လာပြီဖြစ်သော် လည်း   ကယ်ဆယ်ရေးသမားများသည်   ၎င်းတို့၏ လုပ်ငန်းများကို    ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ် သည်။   အပူပိုင်းမုန်တိုင်းကြောင့်           မိုးသည်းထန်စွာ ရွာသွန်ခြင်းနှင့်    လေပြင်းတိုက်ခတ်ခြင်းတို့   ဖြစ်ပေါ် မည်ဟု ခန့်မှန်းထားသည်။        အင်န်အိတ်ချ်ကေ