ဖိုက်ဇာနှင့် မော်ဒါနာ အပိုဆောင်းကာကွယ်ဆေး၏ သက်ရောက်မှု လေးလကြာသည့်အခါတွင် ဆုတ်ယုတ်လာဟုဆို

 

ဝါရှင်တန် ဖေဖော်ဝါရီ   ၁၃


ဖိုက်ဇာနှင့် မော်ဒါနာ ကာကွယ်ဆေးတို့ကို တတိယအကြိမ် ထိုးပေးသည့်အခါ လေးလကြာမြင့်လာသည့်အခါ   အစွမ်း ထက်မှုမှာ လျော့ကျသွားသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ)၏ ဖေဖော်ဝါရီ ၁၁ ရက် ဖော်ပြချက်များအရ သိရသည်။

 

 နည်းပါး


ကာကွယ်ဆေး      နှစ်ကြိမ်ထိုးပြီးနောက်      အစွမ်းထက်မှု မှာ     လျော့ကျသွားကြောင်း  မှတ်တမ်းတင်ထားသော်လည်း     တတိယအကြိမ်    ကာကွယ်ဆေးထိုးပြီးနောက်   အစွမ်းထက်မှု လျော့ကျခြင်းနှင့် ပတ်သက်၍မူ  ဖော်ပြမှုများမှာ         နည်းပါး နေသေးသည်။

 


ဆေးရုံပေါင်း ၉၃၄၀၈ ရုံ တွင်   လေ့လာမှုများ   ပြုလုပ်ခဲ့ သည်။  အိုမီခရွန်ကူးစက်မှု      လွှမ်းမိုးနေသည့်  ကာလများတွင်  ကိုဗစ် -၁၉   အရေးပေါ်ဌာနတွင် ကာကွယ်ဆေး၏        အစွမ်း ထက်မှု မှာ     တတိယအကြိမ်   ကာကွယ်ဆေးထိုးပြီး  နှစ်လ အကြာတွင် ၈ ၇ ရာခိုင်နှုန်းရှိပြီး    လေးလအကြာတွင်မူ      ၆၆  ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း  သိရသည်။

 


ကျဆင်းလာ


ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံ တက်ရသည့်နှုန်း မှာလည်း ၉၁   ရာခိုင်နှုန်း ရှိပြီး   တတိယအကြိမ်   ကာကွယ် ဆေးထိုးပြီး လေးလအကြာ     ကိုဗစ်-၁၉ ကြောင့် ဆေးရုံ တက်ရမှုနှုန်းမှာ   ၇၈  ရာခိုင်နှုန်းအထိ   ကျဆင်းလာကြောင်း            ဖော်ပြထားသည်။ 


အေအက်ဖ်ပီ