ဖိုက်ဇာ ကိုဗစ် -၁၉ ကာကွယ်ဆေးမှာ ကလေးများတွင်လည်း ၉၀ ရာခိုင်နှုန်းကျော် အကျိုးသက်ရောက်မှုရှိဟု ဆေးကုမ္ပဏီပြော

 

ဝါရှင်တန် အောက်တိုဘာ ၂၃


ဖိုက်ဇာကိုဗစ် -၁၉ကာကွယ်ဆေးသည်  အသက်ငါးနှစ်မှ ၁၁ နှစ်ကလေးငယ်များတွင်  ကိုဗစ် -၁၉ ရောဂါ လက္ခဏာကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်သည်ဟု  ကုမ္ပဏီမှ  အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ 

 


အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲမှုဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်အချက်အလက်များ အရ   အမှီအခိုကင်းသည့်   ကျွမ်းကျင်သူများသည် အောက်တိုဘာ ၂၆ ရက်တွင်   တွေ့ဆုံပြီး  အဆိုပါ အသက်အပိုင်းအခြားအုပ်စုတွင် ကာကွယ်ဆေးထိုး ပေးရန် သင့်မသင့်ကို  ဆုံးဖြတ်သွားမည်ဖြစ်သည်။ လူပေါင်း ၂၂၅၀ ပါဝင်သည့် လေ့လာမှုကို အခြေခံကာ သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

 


ကလေးငယ်များအတွက်  ကိုဗစ်-၁၉ ကာကွယ် ဆေး အကျိုးသက်ရောက်မှုများကို  ပထမဆုံးအကြိမ် အဖြစ် ဖိုက်ဇာကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အသက်ကြီးသည့်အသက်အုပ်စုတွင်   ၃၀   မိုက်ခရို ဂရမ်ဆေးပေးသော်လည်း    ယခုစမ်းသပ်မှုတွင်မူ  ၁၀  မိုက်ခရိုဂရမ်ဖြင့်သာ   စမ်းသပ်ထားကြောင်း သိရသည်။ 

 


သိပ္ပံအေဂျင်စီများက  ကာကွယ်ဆေးကိုခွင့်ပြု ချက်ပေးသည်နှင့်တစ်ပြိုင်နက်    အသက်ငါးနှစ်မှ ၁၁ နှစ်ကြား လူဦးရေ ၂၈သန်းကို ကာကွယ်ဆေးထိုး ပေးရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က ပြောသည်။        

အေအက်ဖ်ပီ