ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း Honorable Albert F.Del Rosario ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

 

ရန်ကုန်   ဧပြီ   ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန   မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည်  ယနေ့ မွန်းလွဲ  ၂   နာရီတွင်  ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂၁) ဖိုးစိန်လမ်းမကြီးရှိ   မြန်မာနိုင်ငံဆိုင်ရာ  ဖိလစ်ပိုင် သမ္မတနိုင်ငံသံရုံး၌ ၂၀၂၃  ခုနှစ်  ဧပြီ ၁၈ ရက်တွင် ကွယ်လွန်သွားသည့်   ဖိလစ်ပိုင် သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း Honorable Albert F. Del Rosario  အတွက်   ဖွင့်လှစ်ထားရှိသော  ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌   သွားရောက် လက်မှတ်ရေးထိုးသည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ   ဖိလစ်ပိုင် သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး အသက် (၈၃)နှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။                                 သတင်းစဉ်