မနီလာ မေ ၄
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း အရှေ့ ဆာမားပြည်နယ်၌ မေ ၄ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၀၉ မိနစ်က ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် မြေငလျင်ဗေဒအဖွဲ့အစည်းက ပြောကြားသည်။
ကနဦး သတ်မှတ်ချက်များအရ ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၁၁ ဒသမ ၇၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၅ ဒသမ ၃၇ ဒီဂရီ မြေအောက် အနက် ၁၀ ဒသမ ၀ ကီလိုမီတာ တွင်ရှိကြောင်း အဆိုပါ အဖွဲ့ အစည်းက ပြောကြားသည်။
ဒေသခံများမှာ နေအိမ်များ၏ အပြင်ဘက်ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ယခုအချိန်အထိ ထိခိုက် သေဆုံးမှုများကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးတောင်နှင့် မြေငလျင်ရပ်ဝန်းဒေသတွင် တည်ရှိသောကြောင့် ငလျင် လှုပ်ခတ်မှုများနှင့် မကြာခဏကြုံတွေ့ရကြောင်း သိရသည်။
ဆင်ဟွာ