
မနီလာ စက်တင်ဘာ ၁
ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၂၁၆ ဦး ယနေ့ ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀၃၉၅၅ ဦးရှိလာကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၈၆ ဦး ထပ်မံသေဆုံး သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၃၅၃၃ ဦးရှိလာသည်။ ဩဂုတ် ၃၀ ရက် တစ်နေ့တည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၃၆၆ ဦး တွေ့ရှိခဲ့ပြီး ၎င်းအရေ အတွက်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွား ချိန်မှစတင်၍ တစ်ရက်တာအတွင်း ကူးစက်မှုအမြင့်ဆုံး အရေအတွက်ဖြစ်သည်။
နိုင်ငံအတွင်း လက်ရှိအချိန်၌ လူအစုလိုက်အပြုံလိုက် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများရှိနေပြီး ဆက်လက်၍လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ မြင့်မားလာ နိုင်ကြောင်းနှင့် ယခုလအလယ်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာနိုင် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးဖြစ် သည့် မာရီယာရိုဆာရီယိုဗာဂျီရီက ပြောကြားသည်။ လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ ဒသမ ၅ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ