
မနီလာ စက်တင်ဘာ ၂
ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၆၂၁ ဦးကို ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၂၀၄၈၄ ဦး ရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၄၈ ဦး ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၃၆၈၀ ရှိလာ ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။ လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ ဒသမ ၅ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုခံယူပြီးဖြစ်သည်။ နိုင်ငံအတွင်းရှိ လူဦးရေ ၇၇ သန်း(သို့မဟုတ်) ၇၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးနှံပေး နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကွန်ဂရက် အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီး ဖရန်စစ်ဒူကူးက ပြောကြားသည်။
အစိုးရက နိုင်ငံလူဦးရေအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန် လာမည့်နှစ် ဖေဖော်ဝါရီလအထိ အချိန်ယူဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြား သည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၃ ဒသမ ၇ သန်း ကျော်ကို ထိုးနှံပေးခဲ့ပြီး လူဦးရေ ၁၃ ဒသမ ၉ သန်း ကျော်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ အပြည့် ထိုးနှံမှုခံယူပြီးစီးကြောင်း သိရသည်။ ဖိလစ်ပိုင် နိုင်ငံသည် တရုတ်နိုင်ငံအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၂ ဒသမ ၆ သန်း ကျော်ကို ရရှိပြီးဖြစ်သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ