
မနီလာ ဒီဇင်ဘာ ၁၇
ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၁၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၈၂ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၇၄၆၄ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၇၄ ဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၅၀၅၇၀ အထိ ရှိလာခဲ့သည်။
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင် ဖြစ်ပွား ချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် သုံးခု ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၂၆၃၀၃ ဦးနှုန်း ရှိ၍ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ မတ် ၁ ရက်မှစကာ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူစုစုပေါင်းမှာ သန်း ၁၀၀ ကျော်လွန်သွားပြီဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်အထိ ၄၃ သန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးဖြစ်သည်။ ထို့အပြင် အစိုးရသည် နောက်ထပ် တစ်သန်းကျော်ကို အပို ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ နှစ်ဦး ရှိလာပြီဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်မှစကာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀ အောက်ကျဆင်းခဲ့ကြောင်း ဒီအို အိတ်ချ်က ဖော်ပြသည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ