ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း H.E. Benigno S. Aquino III ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

ရန်ကုန် ဇူလိုင် ၁ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာ ဗျူဟာလေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်မြင့်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်တွင် ကွယ်လွန် သွားသည့် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Benigno S. Aquino III အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂၁) ဖိုးစိန်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ် စာအုပ်၌ ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် သွားရောက် လက်မှတ်ရေးထိုးသည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ဟောင်းသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ၏ ၁၅ ဦးမြောက် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန် ချိန်တွင် အသက် ၆၁ နှစ်ရှိပြီ ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်