ဖီဂျီနိုင်ငံ၌ မေလအတွင်း စက်သုံးဆီဈေးနှုန်းများ သိသိသာသာမြင့်တက်

 

 

ဆူဗာ မေ ၁

ဖီဂျီနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းမှာ ၃၂ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်လာမှုနှင့်အတူ ဖီဂျီနိုင်ငံသားများသည် မေ ၁ ရက်မှစတင်၍ စက်သုံးဆီဈေးနှုန်း သိသိသာသာမြင့်တက်မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖီဂျီစီးပွားရေးနှင့် စားသုံးသူ ကော်မရှင်က ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။

 

ဈေးနှုန်း အသစ်များအရ နေရာဒေသအပေါ် မူတည်၍ ဒီဇယ်ဆီတစ်လီတာလျှင် ဖီဂျီဆင့် ၉၃ (အမေရိကန်ဆင့် ၄၂ ခန့်) နှင့် ရေနံဆီတစ်လီတာလျှင် အမေရိကန်ဆင့် ၂၇ မှ ၂၈ အထိ တိုးမြင့်လာမည်ဖြစ်သည်။

 

 အလားတူ မေလမှစကာ ရေနံဓာတ်ငွေ့ရည် ဈေးနှုန်းမှာလည်း မြင့်တက်လာမည်ဖြစ်ပြီး ၁၂ ကီလိုဂရမ်ဆလင်ဒါမှာ ၁၀ ဆင့် နှင့် ၄ ဒသမ ၅ ဆလင်ဒါမှာ ၄ ဆင့်အထိ မြင့်တက်မည်ဖြစ်ကြောင်း သိရသည်။

 

မတ်လနှင့် ဧပြီလတို့အတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမှာ သိသိသာသာမြင့်တက်လာခြင်းကြောင့် အဆင့်မြင့် စက်သုံးဆီဈေးနှုန်းနှင့် ကုန်စည်ပို့ဆောင်ခများ မြင့်တက်လာမှုအပါအဝင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း အဆိုပါကော်မရှင်က ပြောကြားသည်။

ဆင်ဟွာ