ဒီဇင်ဘာ ၃၁ ရက် နံနက် ၂ နာရီခွဲက အန်းဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ် (၁၈) မှ လီဗာပူးနှင့် လက်စတာအသင်းတို့ပွဲစဉ်တွင် လီဗာပူး အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဦးဆောင်ဂိုးကို ပွဲချိန် ၄ မိနစ်တွင် လက်စတာ အသင်းက ရရှိခဲ့ပြီး ဒူးစ်ဘူရီဟောလ်က သွင်းယူ ပေးခဲ့သည်။ သို့သော်လည်း ပွဲချိန် ၃၈ မိနစ်နှင့် ၄၅ မိနစ်တွင် လက်စတာအသင်းမှ ခံစစ်ကစားသမား ဖေ့စ်က နှစ်ဂိုးစလုံး ကိုယ့်ဂိုးကိုယ်သွင်းယူမိသလို ဖြစ်ခဲ့၍ လီဗာပူးအသင်း သွင်းဂိုးနှစ်ဂိုး ရရှိ ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများ ရှိသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။
ယခုပွဲစဉ်တွင် လီဗာပူးအသင်းက ပွဲချိန်တစ် လျှောက် လက်စတာအသင်းကို ဖိအားပေး ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အရေးများကို အသင်းကစားသမားများ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။
ယခုအနိုင်ပွဲကြောင့် လီဗာပူးအသင်းက ၁၆ ပွဲ ကစားပြီး ရမှတ် ၂၈ မှတ် ရရှိကာ ပြိုင်ဘက် လက်စတာအသင်းက ၁၇ ပွဲကစားပြီး ရမှတ် ၁၇ မှတ် ရရှိထားသည်။



