
ဖောင်းပြင် နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၌ နိုဝင်ဘာ ၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို ပြန်လည်တွေ့ရှိသဖြင့် မကြာမီက ပိတ်သိမ်းခဲ့သော စောင့်ကြည့်ကုသရေးစင်တာကို ပြန်လည်ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်၌ လွန်ခဲ့သော ၁၅ ရက်ခန့်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကွင်းဆက်ပြတ်တောက်ခဲ့သဖြင့် စောင့်ကြည့် ကုသရေးစင်တာကို အောက်တိုဘာ ၂၉ ရက်က ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် ကိုဗစ်-၁၉ သံသယရှိသူ ခြောက်ဦးကို ရောဂါပိုး ရှိ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ တစ်ဦး၌ ရောဂါပိုးတွေ့ရှိသဖြင့် ပိတ်သိမ်းလိုက်သောစင်တာကို နိုဝင်ဘာ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ ရကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ် ကော်မတီမှ သိရသည်။
ဖောင်းပြင်မြို့နယ်၌ လေးလကျော်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၇၄၅ ဦးရှိပြီး သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့ကာ သေဆုံးသူ ၂၅ ဦးတွင် စောင့်ကြည့်ကုသရေးစင်တာ၌ သေဆုံးခဲ့သူ ၁၇ ဦးရှိကာ နေအိမ်များ၌ သေဆုံးသူများအား စစ်ဆေးရာတွင် ပိုးတွေ့ရှိသူ ရှစ်ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)