ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့၊ တတိယနေ့အခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနား ဆက်လက်ကျင်းပ

 

ထားဝယ်      ဇွန်   ၁၀ 


တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးက ကြီးမှူးကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ   တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို   ဆက်လက်ကျင်းပရာ  ဇွန်   ၉   ရက်  နံနက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့  အဖွဲ့ဝင်  ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ၂၀၀၈       ဖွဲ့စည်းပုံအခြေခံဥပဒေတွင်    ပါရှိသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ဆိုင်ရာ   အချက်အလက် များ၊ တိုင်းရင်းသားအခွင့်အရေးများ  ကာကွယ်စောင့် ရှောက်ရေးဥပဒေ၊ နည်းဥပဒေများပါ တိုင်းရင်းသား များ၏         အခွင့်အရေးများ၊      ရပိုင်ခွင့်များနှင့် တိုင်းရင်းသားအရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော် က   ဆောင်ရွက်နေသည့်   ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးဟောပြောပို့ချသည်။

 


ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ဦးဇော်အေးမောင်က ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သမိုင်းကြောင်းများ၊ (NCA) ပါ အကြောင်း အရာများနှင့် (NCA)၏ ကောင်းကျိုးရလဒ်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ   တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်   ရပိုင်ခွင့်များ၊   ကမ္ဘာ့နိုင်ငံရေး သမိုင်းကြောင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းများကို ဆွေးနွေးဟောပြောပို့ချသည်။

 


နေ့လယ်ပိုင်းတွင်     တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က မြန်မာ့ပထဝီနိုင်ငံရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊      ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘော ထားအမြင်များ၊   ပြည်ထောင်စုစိတ်ဓာတ်   ရေရှည် တည်တံ့ဖွံ့ဖြိုးရေး၊ နိုင်ငံတော်အစိုးရက ဆောင်ရွက် နေသည့် တိုင်းရင်းသားများ လူ့စွမ်းအားအရင်းအမြစ်၊ လူမှုစီးပွားဘဝ၊   ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊   တိုင်းရင်း သား မျိုးနွယ်စုများ၏ စာပေနှင့် ယဉ်ကျေးမှုပိုင်း ဆိုင်ရာ        ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟောပြောပို့ချသည်။

 


ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ဖိုရမ်ကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန် တို့က  သုံးရက်တာ  ဆွေးနွေးဟောပြောပို့ချခဲ့မှုများ အပေါ်    ပြန်လည်ခြုံငုံ     သုံးသပ်ရှင်းလင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက    ဖိုရမ်ပိတ်ပွဲပြောကြား ရာတွင်      တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည်     အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်က  ဆောင်ရွက်နေသည့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်       တိုင်းရင်းသားများအားလုံး ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်က “ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်ပေးနေသည့်     အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်  ဆောင်ရွက်ခြင်းလုပ်ငန်း သည်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်   လွန်စွာအရေးကြီးသဖြင့်  အားလုံးပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့် အတွက်  ပညာရေးကို  ဦးစားပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမြတ်ကိုက    ကျေးဇူးတင်စကား    ပြောကြားသည်။

 


ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်) ကျင်းပရခြင်းအားဖြင့် တိုင်းရင်း သားများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်း သားများ၏ အခွင့်အရေးများကို ပိုမိုသိရှိနားလည်စေ ပြီး၊ တိုင်းရင်းသားများနှင့် အစိုးရအကြား ယုံကြည်မှု ပိုရစေကာ    နိုင်ငံတော်က   ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း   များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအနေဖြင့် ယခုဖိုရမ်ပွဲကို (ထားဝယ် မြို့)တွင်   ကျင်းပသည့်အပြင်   တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုပိုမိုရရှိစေရန် ကော့သောင်း၊ မြိတ် စသည့်မြို့နယ်များတွင်လည်း ဆက်လက်ကျင်းပ ဆောင်ရွက်သွားရန်      လျာထားလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်