ပေါင်မြို့နယ်၌ ရွေ့လျားစနစ်ဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

 

ပေါင်  ဒီဇင်ဘာ  ၂၃


မွန်​​ပြည်နယ် ပေါင်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်၁၈ နှစ်နှင့်အထက် ပြည်သူများအား ရွေ့လျားစနစ်ဖြင့်    ကာကွယ်ဆေးလိုက်လံထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက်တွင် ကျေးရွာခုနစ်ရွာမှ  ပြည်သူ ၇၀၀ အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


 ကာကွယ်ဆေးလာရောက်ထိုးနှံသူ  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များ က အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းများ   ပြုလုပ်ပြီး နောက် ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏  လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးခဲ့ခြင်းဖြစ် ကာ ပြည်သူများ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချော မွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊   မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် များက   လိုအပ်သည်များကို     ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိသည်။                                                        

မြို့နယ်(ပြန်/ဆက်)