ပေါင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၆၅၈ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး

ပေါင်   အောက်တိုဘာ   ၂၁
မွန်ပြည်နယ် ပေါင်မြို့နယ်တွင်  အသက်   ၁၂  နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ အား  ပထမအကြိမ်   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးများကို အထက (ပေါင်)ကျောင်း ၌ ထိုးနှံပေးလျက်ရှိရာ   အောက်တိုဘာ  ၂၀ ရက်အထိ  ကျောင်းသား  ကျောင်းသူ ၁၆၅၈  ဦးအား   ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း နှင့်    ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
ကာကွယ်ဆေးများကို မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ    သူနာပြု   ဆရာ  ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေး လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်   အဖွဲ့ဝင်များ၏    ကြီးကြပ်မှု ဖြင့် မြို့နယ် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊     ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများက   ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ သည်။
ပေါင်မြို့နယ်အတွင်း၌     အထက်တန်း ကျောင်း      ၂၄ ကျောင်း၊    အလယ်တန်းကျောင်း ၃၇ ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၆၃၂ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား  ကျောင်းသူ  ၆၅၃၄  ဦးတို့အား   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  ထိုးနှံပေး မည်ဖြစ်ကြောင်း သိရသည်။ 
ဝဏ္ဏမောင်(ပြန်/ဆက်)