
ပေါင် စက်တင်ဘာ ၂၈
မွန်ပြည်နယ် ပေါင်မြို့နယ် ကတိုက်ဆည်ရေသောက် စနစ် အတွင်း၌ အယ်နီညိုဖြစ်စဉ် သက်ရောက်မှုအပေါ် ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ပြုလုပ်ခြင်းကို ဖြူဘကျေးရွာ ကွင်းအမှတ် (၇၇၀)၌ ယမန်နေ့က ပြုလုပ် သည်။
ရှေးဦးစွာ သထုံခရိုင် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး (၆)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးဇော်ဇော်က အယ်နီညိုကြောင့် အပူချိန် ပြင်းထန်မှု ဖြစ်ပေါ်လာနိုင် ကြောင်း၊ ရေရှားပါးချိန်တွင် ကတိုက်ဆည်ရေသောက် ဧရိယာ အတွင်းရှိ စိုက်ပျိုးသူတောင်သူ များအတွက် ရေဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများ အနေဖြင့်လည်း အချင်းချင်းညှိနှိုင်းပြီး ရေကို လေလွင့်မှု နည်းနိုင်သမျှနည်းစေ ရန်နှင့် ရေလုံလောက်မှုရှိအောင် အသုံးပြုရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သထုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး (၆) မှ ဦးစီးအရာရှိ ဦးဇော်မိုး ဝင်းက အယ်နီညိုဖြစ်စဉ် သက်ရောက်မှုအပေါ် ကြိုတင် ပြင်ဆင်မှုအနေဖြင့် စိုက်ပျိုးရေ အလုံအလောက်ရရှိစေရန် ကတိုက် ရေလှောင်တမံတွင် ကန်ရေပြည့် မှတ်ထက် သုံးပေပိုမိုသိုလှောင် ထားသည့်အတွက် တောင်သူများ စပါးစိုက်ပျိုးနိုင်အောင် ရေကို လုံလောက်စွာရရှိစေရေးကို ဂရု စိုက်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ တောင်သူလယ်သမား များအနေဖြင့် နွေစပါးကိုဆောလျင် စွာ စိုက်ပျိုးပေးရန်လိုအပ်ပါ ကြောင်း၊ သက်တမ်းတိုမျိုးစပါး များ စိုက်ပျိုးခြင်းဖြင့် ရေသုံးစွဲမှု သက်သာစေမည် ဖြစ်ကြောင်း၊ လိုအပ်သော ချောင်းပိတ်လုပ်ငန်း များကို နွေစပါးစိုက်ပျိုးရာသီအမီ အပြီးသတ် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးသည်။ ထို့နောက် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားကြပြီး တောင်သူများက သိလိုသည်များ မေးမြန်းခဲ့ကြသည်။
ကတိုက် ရေလှောင်တမံသည် ကတိုက်ချောင်းအထက်ပိုင်းတွင် ရေလှောင်ပမာဏဧက ပေ ၅၄၀၀၀ သိုလှောင်ထားပြီး လယ်မြေ ဧရိယာ ဧက ၁၀၀၀၀ ကို နွေစပါး သီးနှံ စိုက်ပျိုးရေပေးဝေရန် ရည်ရွယ် တည်ဆောက်ခဲ့ပြီး နှစ်စဉ် စီမံကိန်းဧရိယာထက် ကျော်လွန် စိုက်ပျိုးလျက်ရှိသော အောင်မြင်သည့် ဆည်ရေသောက် စနစ်တစ်ခုဖြစ်ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)