
နေပြည်တော် ဩဂုတ် ၃၁
ပေါင်းလောင်းမြစ်အတွင်း ရေပေါ် လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင် ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင် ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံရေးအပြင် အခြားတိုင်းဒေသကြီး / ပြည်နယ် များနှင့် လိုအပ်ချက်ရှိနေသည့် အနီးဝန်းကျင်ဒေသများသို့ တင်ပို့ ရောင်းချနိုင်သည်အထိ ငါးမွေးမြူ ထုတ်လုပ်မှု သိသာစွာတိုးတက် လာရေးအတွက် နေပြည်တော် ပတ်ဝန်းကျင်ရှိ ပေါင်းလောင်းမြစ် အပါအဝင် ဆည်တာတမံနှင့် အခြေအနေပေးသည့် သဘာဝ မြစ်ချောင်းများတွင် တိုးချဲ့မွေးမြူ နိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အားပေး ကူညီလျက်ရှိပါကြောင်း၊ ခေတ်မီ နည်းစနစ် အသုံးပြု၍ ငါးမွေးမြူ ရေးလုပ်ငန်းများ အောင်မြင်လာ ပါက ငါးမွေးမြူထုတ်လုပ် သည့်လုပ်ငန်းစဉ် ကွင်းဆက် တစ်လျှောက်တွင် ပါဝင်လုပ်ကိုင် သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စု နယ်မြေဖြစ်သော နေပြည်တော် တွင် လယ်ယာ သား ငါးကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၊ ဒေသနေပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းနှင့် လူမှု စီးပွားဘဝများ တိုးတက်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ပေါင်းလောင်း မြစ်အတွင်း ရေပေါ်လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူနိုင်မှုအခြေ အနေနှင့် ငါးမွေးတောင်သူများ အတွက် အကျိုးဖြစ်ထွန်းနိုင်မှု အလားအလာများကို ရှင်းလင်း တင်ပြသည်။
နမူနာအဖြစ် ပြသ
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အခမ်းအနား တက် ရောက်လာကြသူများသည် ပေါင်း လောင်းမြစ်အတွင်း ရေပေါ်လှောင် အိမ်စနစ်ဖြင့် ငါးမွေးမြူလုပ်ကိုင် မည့် တောင်သူကြီး ဦးကြည်ထွန်း ၏ ရေပေါ်လှောင်အိမ် လေးခု အတွင်းသို့ တီလားဗီးယား ငါးသားပေါက်များ မျိုးစိုက်ထည့် ပေးခဲ့ကြသည်။ ယနေ့ ငါးမျိုးစိုက် ထည့် မွေးမြူခြင်းလုပ်ငန်းကို အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငါးမွေးမြူရေးလုပ်ငန်း စိတ်ဝင်စား သူများအား နမူနာအဖြစ် ပြသ ပြီး ပေါင်းလောင်းမြစ်ကြောင်း တစ်လျှောက်နှင့် အခြေအနေပေး သည့် သဘာဝရေပြင်များတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါး မွေးမြူထုတ်လုပ်မှု တိုးပွားလာ ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်