ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ပေါက်တော   အောက်တိုဘာ   ၃


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်   အလယ်ဖရုံ ကာကျွန်းရှိ  မညင်းကိုင်းကျေးရွာအုပ်စု ကြိမ်နီပြင် IDPs  စခန်း၌   ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက် ၄၅ နှစ်အထက်နှင့်     အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးသည်။


ကာကွယ်ဆေးဆက်လက်ထိုးနှံပေး


အဆိုပါ   IDPs   စခန်းတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား  ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ     လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ        ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး ကြသည်။ ကာကွယ်ဆေးထိုးနှံရာ၌ ကြိမ်နီပြင် IDPs  စခန်းတွင်    လာရောက်ထိုးနှံသူ   အမျိုးသား/အမျိုးသမီး စုစုပေါင်း ၁၂၁ ဦးရှိကြောင်း သိရသည်။ 


ပေါက်တောမြို့နယ်၌   ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင် IDPs စခန်း၊ ငှက်ချောင်း(၁)  IDPs စခန်းနှင့် ငှက်ချောင်း(၂) IDPs စခန်း ငါးနေရာတို့အနက် ဆင်တက်မော် IDPs ၊ အနောက်ရဲ IDPs စခန်းနှင့် ကြိမ်နီပြင် IDPs စခန်း များ၌ ထိုးနှံပေးခဲ့ပြီး ကျန်ရှိ IDPs စခန်း နှစ်နေရာ သို့ သွားရောက်ပြီး   ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။        

 
 မြို့နယ်(ပြန်/ဆက်)