
နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အဆိုပါ ရေတပ်စခန်းဌာနချုပ် ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကား ပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများ၊ စစ်တောတပ်နယ်ရှိ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များ တက်ရောက်ကြသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော် သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များ နှင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေရမှု များကို သိရှိနားလည်နေရမည်ဖြစ်ကြောင်းဖြင့် ဦးစွာ ပြောကြားပြီး နိုင်ငံတော်တွင် ပြည်သူ့ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရေး တပ်မတော်မှ ဦးဆောင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဒီမို ကရေစီအစိုးရကာလများတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်မှုများရှိသကဲ့သို့ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ် ရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ခြင်းကြောင့် ပြည်သူလူထုမှ ရွေးကောက်ခံအစိုးရအပေါ် ယုံကြည်မှုအားနည်းမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေး မသမာသော နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများ နှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့်အတွက် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုများ၊ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင် စာရင်းကောက်ယူခြင်းလုပ်ငန်းများ အပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက် လျက်ရှိမှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ လူတစ်ဦးပင်ဖြစ်စေ၊ နိုင်ငံတစ်ခုပင်ဖြစ်စေ အမြဲမပြတ် ကြိုးပမ်းအားထုတ်နေမှသာလျှင် ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း အခက်အခဲများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်း ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
လူသာလျှင် အဓိကဖြစ်သဖြင့် အရည်အသွေးရှိပြီး စိတ်ဓာတ်ကောင်းသည့် စစ်သည်များဖြစ်ရန် အရေးကြီး
တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ပြီး တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော် (လေ) ဟူ၍ မြေပြင်၊ ရေပြင်၊ ဝေဟင် လုံခြုံရေးတာဝန် များကို စုပေါင်းအားဖြင့် ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် နိုင်ငံတော် ၏ ရေပြင်ပိုင်နက်နယ်နိမိတ်များကို ကာကွယ် စောင့်ရှောက် ရန်ဖြစ်ကြောင်း၊ ရေပေါ်၊ ရေအောက် ပိုင်နက်နယ်နိမိတ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စစ်သည်တစ်ဦးချင်း နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန် အောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ လောက၌ မည်သည့် အရေး ကိစ္စကိုမဆို လူပါဝင်ဆောင်ရွက်ရပြီး လူ၏ကြိုးစားအားထုတ်မှုဖြင့်သာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပြီး လူသာလျှင်ပဓာနဖြစ် ကြောင်း။
ထို့ကြောင့် လူတစ်ဦးချင်း၏ အရည်အသွေးများ ခိုင်မာခြင်းသည် အရေးကြီးကြောင်း၊ တပ်တစ်ခု ကောင်းရန်မှာလည်း တပ်တွင် တာဝန်ထမ်းဆောင် သည့် သူများ အရည်အချင်းရှိရန်၊ စိတ်ဓာတ်ကောင်း ရန် အရေးကြီးကြောင်း၊ ကျောက်ဖြူဒေသ၏ ထူးခြား ချက်သည် ကုန်းမြေနှင့် ရေပြင်ထိစပ် ဆက်စပ်လျက် ရှိပြီး နယ်မြေခံတပ်များအနေဖြင့် ရေပြင်၊ မြေပြင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရကြောင်း၊ နိုင်ငံ တော်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် မှန်မှန်ကန်ကန် တာဝန်ကျေပွန်အောင် ထမ်းဆောင် ရန်လိုပြီး မိမိတို့ တစ်ဦးတစ်ယောက်၏ တာဝန် လစ်ဟင်းမှုများသည် ဆုံးရှုံးမှုနှင့် ပေးဆပ်ရမှုများ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံနှင့် တပ်မတော်အတွက်၊ ပြည်သူ့အတွက် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ် ကြောင်း။
အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့
အတူတကွ လက်တွဲ၍ အနာဂတ်နိုင်ငံတော်ကို ကောင်းမွန်စွာ ပုံဖော်နိုင်ရမည်
တပ်မတော်သည် ပြည်သူတို့နှင့်အတူလက်တွဲပြီး လွတ်လပ်ရေးကို ရယူပေးခဲ့ပြီး ပြည်ထောင်စုကြီး မပြိုကွဲရေးနှင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ် ဦးထိပ်ထားကာ ယနေ့အချိန်အထိ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်ကို သိရှိပြီးဖြစ်မည်ဖြစ် ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ၊ အယူဝါဒရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကိုလည်း မိမိတို့၏ ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်သည်ဟူသည့် စိတ်ဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းသာ ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစု များအနေဖြင့် မိမိတိုင်းပြည်၏ ပကတိအခြေအနေ မှန်ကို သိရှိနားလည်ရမည်ဖြစ်ပြီး စစ်ရေးသတိ၊ စစ်ရေးအသိနှင့် လုံခြုံရေးအမြင်များ ရှိရမည်ဖြစ် ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို အစိုးရ၊ တပ်မတော် နှင့် ပြည်သူတို့ အတူတကွ လက်တွဲ၍ ကောင်းမွန်စွာ ပုံဖော်နိုင်ရမည်ဖြစ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကြည်သာရွှင်ပျစွာ ထမ်းဆောင်နိုင်ရ မည်ဖြစ်ပြီး မိမိတို့တာဝန်များကို လေးလေးစားစား ဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပါက မိမိ တို့၏ တာဝန်ထမ်းဆောင်မှုများကို အသိအမှတ်ပြုခံရ မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ တာဝန်ကျရာဒေသ၌ လည်း ကြည်သာရွှင်ပျစွာဖြင့် တပ်၏ကောင်းရာ ကောင်းကျိုး၊ ဒေသ၏ ကောင်းရာကောင်းကျိုးကို ထမ်းဆောင်ကြရန်လိုကြောင်း။
ကျောက်ဖြူဒေသသည် ရာသီဥတုပြင်းထန်သည့် ဒေသတစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးကို ဂရုတစိုက်ဖြင့် နေထိုင်ခြင်း၊ မမျှော်လင့်ထားသည့် သဘာဝဘေးအန္တရာယ်များအတွက် သတိရှိရှိဖြင့် နေထိုင်ခြင်း၊ ကြိုတင်ပြင်ဆင်ထားရှိခြင်းတို့ကို ဆောင်ရွက်ကြရန်လိုကြောင်း၊ သွားရေးလာရေး ဝေးလံခက်ခဲသည့်ဒေသဖြစ်သဖြင့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး စားရေးကို အထောက်အကူဖြစ်စေရမည်ဖြစ်ကြောင်း။
ပညာရေးနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့ဘဝ တိုးတက်ရေးကို အထောက်အကူပြုစေမည့် ဗဟုသုတများရရှိစေရန် စာအုပ် စာစောင်များကို ဖတ်ရှုလေ့လာနေရန်လို ကြောင်း၊ မိမိကိုယ်တိုင် အသိပညာဗဟုသုတရရှိစေ မည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုရုံ သာမက မိမိတို့၏ ကလေးငယ်များကိုလည်း ပညာရည်မြှင့်တင်ပေးရန်လိုကြောင်း၊ သို့မှသာ ၎င်းတို့၏ ဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ် ကြောင်း၊ သားသမီးများ၏ ပညာရည်မြင့်မားရေး အတွက် အားပေးဆောင်ရွက်၍ မိဘကောင်းများ ဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြား သည်။
စားသောက်ဖွယ်ရာများနှင့်
ချီးမြှင့်ငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေ များကိုပေးအပ်ရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရေတပ်စခန်းဌာနချုပ်အတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်