
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ လောက်ကိုင်နားလေးမှာရှိတဲ့ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ ပြီးရင်တော့ အမှတ်(၂၉၀) ခြေလျင်တပ်ရင်း တာမိုးညဲကို ဝင်ရောက်တိုက်ခိုက်နေတာ ရှိတယ်။ တာမိုးညဲမှာတော့ မနက်ကတည်းက Drone တွေနဲ့ Drop Bomb အလုံးရာကျော်လောက်ချပြီး တိုက်ခိုက်နေတာရှိတယ်။ တာမိုးညဲမှာရှိနေတဲ့ အရာရှိ/ စစ်သည်များ၊ တပ်မှီခိုမိသားစုဝင်များနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာရှိပါတယ်။ ဒီအရာရှိ / စစ်သည်/ရဲမေတွေရဲ့ နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ် ကြံ့ကြံ့ခံခုခံကာကွယ်မှု ကို နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများအနေနဲ့ အထူးအသိအမှတ်ပြုကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာတော့ ထရွန်အိုင် စခန်းကို အင်အားအလုံးအရင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်တာမျိုးရှိတယ်။ ထရွန်အိုင် စခန်းရဲ့ ကြံ့ကြံ့ခံခုခံမှုကြောင့် ရန်သူအကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်။ အနီးအနားမှာ လိုက်လံရှင်းလင်းလျက် ရှိတယ်။ ဒီ ထရွန်အိုင်စခန်းဟာ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနဲ့ မြန်မာ ဆက်သွယ်ဆောင်ရွက်နေတဲ့နေရာမှာ အရေးကြီးတဲ့ စခန်းဖြစ်ပါတယ်။ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရခိုင်ပြည်သူ လူထုတစ်ရပ်လုံးကို တိုးတက်အောင်လုပ်ပေးမယ်ဆိုတဲ့ AA ကိုယ်တိုင် ဖျက်ဆီးပစ်နေတာ ဖြစ်တယ်လို့ပြောချင်ပါတယ်။ ဒီနေ့ လွိုင်ကော် မှာတော့ လွိုင်ကော်အကျဉ်းထောင်ကို အပြင်းအထန် တိုက်ခိုက်နေတာ မျိုးရှိတယ်။ မနက်ပိုင်းမှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက် ပစ်ခတ်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ တယ်။ ရန်သူကျဆုံးမှုများရှိပြီးတော့ ပြန်လည်ဆုတ်ခွာသွားတာ ရှိပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ အချို့သောစခန်းတွေကို Drop Bomb တွေနဲ့ပဲ Drone သုံးပြီးတော့ Drop Bomb နဲ့ပဲ အကြိမ်ကြိမ်လာရောက် တိုက်ခိုက်နေတာရှိတယ်။ အချို့သောစခန်းတွေကို စစ်နည်းဗျူဟာ အရ ပြန်လည်ပေါင်းစည်းခဲ့ရတာမျိုးတွေရှိပါတယ်။ ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာတွေအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံ အားပေးမှု အရေးကြီးပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက် ဆက်မှာ အသက်သွေးချွေးများပေးပြီး နိုင်ငံတော်ကို တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကာလမှာ တစ်နိုင်ငံလုံး အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လက်အောက်ကို ရောက်နေတာဖြစ်တယ်။ ရန်ကုန်မြို့ ကွက်ကွက်ကလေးပဲ ကျန်နေ တယ်ဆိုတာတောင်မှ ရန်ကုန်မြို့မှာ အင်းစိန်ဒေသသည် KNDO လက်ထဲမှာ ရောက်နေတာဖြစ်တယ်။ ဒီအခြေအနေကနေပြီး တပ်မတော်အနေနဲ့ နိုင်ငံတစ်ခုလုံးကို ပြန်လည်တည်ဆောက်ခဲ့ရ ခြင်းဖြစ်တယ်။ ခုချိန်မှာလည်း နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့ပေါင်း ၃၀ ကျော်မှာ တပ်မတော်ထောက်ခံမှုတွေ တပ်မတော်သားတွေနဲ့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထောက်ခံမှုများ တစ်ခဲနက် ပြုလုပ်နေတာရှိတယ်။ ရှေ့တန်းရောက် စစ်သည်လုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့အစည်းများအတွက် အလှူငွေများ ပေးအပ်နေတာရှိပါတယ်။ မနေ့က လွိုင်ကော်တက္ကသိုလ်မှာ အကြမ်းဖက်များအနေနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး လွိုင်ကော်တက္ကသိုလ် က ဝန်ထမ်းတစ်ဦးကို သတ်ဖြတ်သွားတဲ့ပုံတွေ ပျံ့နှံ့သွားတာကို တွေ့ရမှာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ကယ်ထုတ်နိုင်ခဲ့တဲ့ အရေ အတွက်တွေ ပညာရေးဆိုင်ရာ အဆောက်အဦတွေကို စစ်ရေးပစ်မှတ် အဖြစ် တိုက်ခိုက်ခဲ့တဲ့ဟာတွေ ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ဝိုင်းဝန်းဆန့်ကျင်မှုကြောင့် ဒီမနက်မှာပဲ သူတို့ကပဲ ကယ်တင်သလို ဝါဒဖြန့်မှုမျိုးတွေ ပြုလုပ်တာဖြစ်ပါတယ်။ ဒါဟာ ထိရောက်မှု တစ်ခုပါပဲ၊ ကမ္ဘာမှာလည်း ပညာရေး၊ ကျန်းမာရေးပတ်သက်တဲ့ အဆောက်အဦတွေ၊ လုပ်ငန်းတွေကို ထိခိုက်တာမျိုး ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါမျိုးလုပ်ငန်းတွေကို အကြမ်းဖက် သောင်းကျန်းသူတွေ၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီးလုပ်နေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အကြိမ်ကြိမ် လည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ တချို့မြို့တွေမှာ ဝင်ရောက် စီးနင်းပြီးတော့ ပြည်သူပိုင်အဆောက်အဦတွေ ဖျက်ဆီးတာတွေ၊ ကျန်းမာရေးနဲ့ ပညာရေး အဆောက်အဦတွေမှာ ခံကတုတ်ကျင်းအဖြစ် လုပ်ပြီး ဘန်ကာများဆောက်လုပ်၊ ဆက်သွယ်ရေးမြောင်းတွေ တူးပြီးတော့ စစ်စခန်းအဖြစ် တည်ဆောက်ထားတာတွေဟာ အထင် အရှားတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ဖို့ နိုင်ငံတကာနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပက စောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်း ဆန့်ကျင်ဖို့၊ အဖြစ်မှန်သိဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး တိုက်ခိုက်နေတဲ့ သောင်းကျန်းသူတွေ၊ NUG အမည်ခံ အကြမ်းဖက် အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူလူထုအပေါ်မှာ ရက်စက် ကြမ်းကြုတ်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဒါတွေကို ကာကွယ်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရာရှိ/စစ်သည်/ရဲမေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းဆောင်ရွက် နေတဲ့ တာဝန်သိပြည်သူများရဲ့ လုပ်ဆောင်ချက်များကို နိုင်ငံတော် အကြီးအကဲအပါအဝင် တပ်မတော်အကြီးအကဲများ အားလုံးက အသိအမှတ်ပြုပါတယ်။ အထူးလေးစားလျက်ရှိပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း ဒီအကြမ်းဖက်လုပ်ရပ်တွေကို အမြစ်ပြတ်သည်ထိ ချေမှုန်းသွားနိုင်ရေး တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီထောက်ပံ့ အားပေးကြဖို့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။