PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ် တိုရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား ကျောင်းသူများ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးနေမှုကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅ 
NUG    အမည်ခံ    အကြမ်းဖက် အဖွဲ့နှင့်  ၎င်း၏လက်ဝေခံ   PDF အမည်ခံ   အကြမ်းဖက်သမားများ သည် အနာဂတ်ရင်သွေးငယ်များ ၏    ပညာသင်ကြားခွင့်   အခွင့် အလမ်းများ  ပျက်ပြား၍  ပညာမဲ့ လူတန်းစားများ    ဖြစ်ပေါ်လာ စေရန်၊   စာသင်ပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့်    ၎င်းတို့အား ထောက်ခံ      အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော   ရည်ရွယ် ချက်များဖြင့်    နည်းလမ်းမျိုးစုံ အသုံးပြုကာ     ပညာရေးကဏ္ဍ မြင့်မားရေးကို     နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ထိုသို့    နှောင့်ယှက်ဖျက်ဆီး လျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်က တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့နယ်     အမှတ်(၂)   ရပ်ကွက် (ဒေသအခေါ်-တိုရွာ)  ရှိ   တိုရွာ အခြေခံပညာ          အထက်တန်း ကျောင်းခွဲ၌    ပညာသင်ကြား လျက်ရှိသော       Grade-3     မှ Grade-11 အထိ   ကျောင်းသား ကျောင်းသူ ၃၀၀ ခန့်ကို   ပထမ နှစ်ဝက်စာမေးပွဲ    စစ်ဆေးမှုအား ဆရာ    ဆရာမ    ၂၃   ဦးတို့က ကြီးကြပ်ဆောင်ရွက်လျက်   ရှိနေ စဉ် နံနက် ၁၀ နာရီခန့်တွင်    PDF အမည်ခံ     အကြမ်းဖက်သမား  လေးဦးက      ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး     လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ   ကျောင်း ဝင်းအတွင်းသို့     ဝင်ရောက်၍ စာမေးပွဲစစ်ဆေးမှု   ဆက်လက် ပြုလုပ်ခြင်းမပြုရန်  ခြိမ်းခြောက် အကျပ်ကိုင်ပြီး    ကျောင်းဝင်း အတွင်းမှ ထွက်ခွာသွားရန် မောင်း ထုတ်ခဲ့သဖြင့်   ဆရာ   ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များက       ကျောင်းအတွင်းမှ   ထွက်ပြေးရှောင်တိမ်းခဲ့ရသည်။
အကြမ်းဖက်     သမားများ၏ နှောင့်ယှက်        ခြိမ်းခြောက်မှု ကြောင့်  ပထမနှစ်ဝက်စာမေးပွဲ စစ်ဆေးမှု  ခေတ္တရွှေ့ဆိုင်းထားခဲ့ရကြောင်းနှင့်  ပြန်လည်ကျင်းပနိုင် ရေး         တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်    ရှိ ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင်   စာမေးပွဲဖြေဆို မှု  မပြုလုပ်နိုင်ရေး  ခြိမ်းခြောက် အကျပ်ကိုင်သူ       အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ       ထိရောက်စွာ အရေးယူနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်