
နေပြည်တော် ဇူလိုင် ၁၇
PDF အမည်ခံ အကြမ်းဖက်သမားများ သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့ အောင်သာကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များ၊ Drop Bomb များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်း ကျောင်းအုပ်ဆရာမကြီး အပါအဝင် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးပြီး ဆရာမ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆေးကုသမှုခံယူ
ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက် သမားများက ယနေ့နံနက် ၅ နာရီ မိနစ် ၂၀ မှ ၆ နာရီ မိနစ် ၂၀ အထိ ပခုက္ကူမြို့ အနောက်တောင်ဘက် မီတာ ၁၇၀၀၀ ခန့် အကွာတွင်ရှိသော အောင်သာကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များ၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ် ဆရာမကြီးတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ပြီး ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမား များက ကျေးရွာအတွင်းရှိနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရပြီး ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာမတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပခုက္ကူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
လုံခြုံရေးလုပ်ငန်းများတိုးမြှင့်
ထိုသို့ ဒေသခံပြည်သူများ အေးချမ်း စွာ နေထိုင်လျက်ရှိသော မြို့၊ ရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များ၊ Drop Bomb များ ကြဲချတိုက်ခိုက် ခြင်းကြောင့် ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ် များကို ဒေသခံပြည်သူလူထုမှ လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်