
နေပြည်တော် ဒီဇင်ဘာ ၂၀
အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် ထုတ်ပြန်ကြေညာထား သည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများ၏ ရက်ရက် စက်စက် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာရှိ ဆရာတော် တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာရှိ ဓမ္မသုခ အောင်မြေရတနာ ဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေထိုင် သည့် ကျောင်းထိုင်ဆရာတော် ဉူးသုဇာတ (၆၁)နှစ်၊ ဝါတော်(၁၀)ဝါ(ဘ)ဦးသာပိုသည် အခြား သံဃာတော် နှစ်ပါးနှင့် အတူ ကျိန်းစက်နေစဉ် ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆရာတော် ဉူးသုဇာတ တစ်ပါးတည်းကိုပင် ကျောင်းရှေ့သို့ ခေါ်ဆောင်၍ မုခ်ဦးအနီး၌ ဓားဖြင့် ရက်ရက် စက်စက်ခုတ်သတ်ခဲ့ကြောင်း သိရှိ ရသည်။ PDF အမည်ခံအကြမ်းဖက် သမားများသည် ကိုးကွယ် ဆည်းကပ်ရာဖြစ်သော သံဃာတော် များကို အကြောင်းအမျိုးမျိုးပြ၍ လုပ်ကြံ သတ်ဖြတ်လျက်ရှိရာ ယခုအချိန်အထိ ၎င်းတို့၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၇ ပါးပျံလွန်တော်မူခဲ့ပြီး အကြမ်း ဖက်သမားများ၏ ရန်ကို ကြောက်ရွံ့သော သံဃာတော် အချို့မှာလည်း ဘေးအန္တရာယ် ကင်းရာသို့ တိမ်းရှောင်လျက် ရှိကြောင်း သိရှိရသည်။
ထပ်မံ စစ်ဆေးချက်အရ ပျံလွန်တော်မူခဲ့သည့် ဆရာတော် မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညီအစ်ကို တော်စပ်သူဖြစ်ပြီး ဆရာတော်အနေဖြင့် အကြမ်းဖက် အဖွဲ့၏ လုပ်ဆောင်ချက်များ အပေါ် အကြမ်းဖက်လူသတ် လုပ်ရပ်များမှာ လက်ရှိဘဝ သာမက နောင်သံသရာအထိ ပါ အကျိုးယုတ်စေနိုင်ကြောင်း၊ ရွာသူ၊ ရွာသားအချင်းချင်း ယခု ကဲ့သို့ စွပ်စွဲသတ်ဖြတ်နေမှုများ ကြောင့် တစ်ဦးနှင့်တစ်ဦး အမုန်း ပွားစေကာ ရပ်ရွာအေးချမ်းမှုကို ပျက်ပြားစေနိုင်ကြောင်း၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာကောင်းများ ပီသစွာ ဖြင့် အကြမ်းဖက်၊ လူသတ်၊ မီးရှို့ အစရှိသည့် အကြမ်းဖက်လုပ်ရပ် များကို ရပ်တန့်ပြီး ရပ်ရွာ အေးချမ်း တည်ငြိမ်မှုရှိစေရေး ကြိုးစား ဆောင်ရွက်သင့်ကြောင်း တို့ကို ဘုရားဟောဒေသနာတရား များနှင့်အညီ ခေါ်ယူ၍ ဆိုဆုံးမခဲ့ ဖူးကြောင်း၊ ထိုသို့ ခေါ်ယူ ဆိုဆုံးမ ပြောဆိုမှုများအပေါ် ကျေနပ်မှု မရှိသဖြင့် အကြမ်းဖက်သမားများ က ယခုကဲ့သို့ လာရောက်၍ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်တွင် ဆရာတော်အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်