PDF အမည်ခံအကြမ်းဖက်သမားများက ကောလင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းကို လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်

 

နေပြည်တော် အောက်တိုဘာ  ၄


NUG ၊   PDF  အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့်   အနာဂတ် ရင်သွေးငယ်များ၏   ပညာသင်ကြားသင်ယူခွင့်   အခွင့်အလမ်းများ ပျက်ပြား၍   ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်  ရည်ရွယ်၍ နည်းလမ်းမျိုးစုံဖြင့်   နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ  အောက်တိုဘာ  ၃ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းကို   PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ် စိန်ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။

 


ထိုသို့  ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းအတွင်းရှိ  နှစ်ထပ်ကံ့ကော် ဆောင်အပေါ်သို့  ကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်မိုးနှင့် အသုံး အဆောင်ပစ္စည်းများ  ထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်။ ယင်းသို့ စာသင် ကျောင်းကိုနှောင့်ယှက်ပစ်ခတ်ခဲ့သော  အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များက   ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။          

သတင်းစဉ်