PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ   ၁၂


မွန်ပြည်နယ်   ကျိုက်ထိုမြို့နယ်ရှိ    ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊    ကင်မွန်းချောင်း တောင် တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF    အမည်ခံ     အကြမ်းဖက်သမားများက  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့  ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ သုံးဦး  သေဆုံးကာ ၁၉ ဦး  ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ 

 


အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  လူမှုရေးအသင်းအဖွဲ့များက ကျိုက်ထိုမြို့  ပြည်သူ့ ဆေးရုံသို့    ပို့ဆောင်ပေးခဲ့သည်။    ရရှိဒဏ်ရာများ ကြောင့်   ဆေးရုံတက်ရောက်ကုသမှု   ခံယူလျက်ရှိ သည့် ဘုရားဖူးပြည်သူများကို ယနေ့မွန်းလွဲပိုင်းတွင်  မွန်ပြည်နယ်     ဝန်ကြီးချုပ်      ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကားများ ပြောကြားပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်