
နေပြည်တော် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး နွားထိုး ကြီးမြို့နယ် မြင်းနီကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမား များ ထောင်ထားသည့် လက်လုပ် မိုင်းပေါက်ကွဲခဲ့သဖြင့် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နွားထိုးကြီး မြို့နယ် မြင်းနီကျေးရွာနေ ဦးဆန်းဝေ (ဘ) ဦးအောင်ဝင်း (ယာပုံ) နှင့် အသက် ၁၁ နှစ် အရွယ် မောင်ကံကောင်း (ဘ) ဦးဆန်းဝင်း တို့ နှစ်ဦးသည် အဆိုပါကျေးရွာ၏ အနောက် ဘက်၌ နွားကျောင်းနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာ များ ရရှိခဲ့ပြီး မောင်ကံကောင်း သည် ရရှိဒဏ်ရာများဖြင့် သေဆုံး ခဲ့သည်။
အဆိုပါနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့ကို နွားထိုး ကြီးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ ကျေးရွာနေပြည်သူ များကို အကြောင်းမဲ့ ဗုံးထောင် ဖောက်ခွဲခဲ့သည့် အကြမ်းဖက် သမားများ ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်