
နေပြည်တော် မေ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား ယနေ့နံနက် ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေမှုများအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက် လုပ်ရပ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာ အဖွဲ့ချုပ်၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်