PDF အမည်ခံ အကြမ်းဖက်သူများ လုပ်ကြံသတ်ဖြတ်၍ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်၌ ကျန်ရှိခဲ့သည့် ငွေကြေးနှင့် လက်ဝတ်ရတနာများ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံ

နေပြည်တော်   ဒီဇင်ဘာ   ၂၉


ဒီဇင်ဘာ ၁၅ ရက်တွင်   စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သူများ၏ ရက်ရက်စက်စက် လူမဆန်စွာ  သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာ များအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက် ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံ သည့်   အခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ     ဗိုလ်မှူးချုပ်မျိုးမင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်  အောင်အောင်နှင့်  တာဝန်ရှိသူများ  တက်ရောက် ကြသည်။


ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ပြန်လည်ရှာဖွေရရှိခဲ့သည့် သေဆုံးသူ များ၏  ငွေကြေးနှင့်      လက်ဝတ်ရတနာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် မျိုးမင်းနှင့် ရဲဗိုလ်ချုပ် အောင်အောင်တို့က သေဆုံး သူများ၏   သားနှင့်တူဖြစ်သူ   ဦးကိုကိုမောင်နှင့်  မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ရာ ဦးကိုကိုမောင် က ကျေးဇူးတင်စကား ပြောကြားသည်။


ယခု  ကျင်းပပြုလုပ်သည့်  အခမ်းအနားတွင် ရွှေထည်ပစ္စည်းအမျိုးအစား ၂၀၊    ငွေသားကျပ် ၂၁၁၃၈၀၀၊ အငြိမ်းစားလစာစာအုပ်(မူရင်း) တစ်အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)တစ်ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း(မူရင်း) တစ်ရွက်တို့ကို ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။


PDF အမည်ခံအကြမ်းဖက်သူများက စစ်ကိုင်း တိုင်းဒေသကြီး တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာ နေ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့ကို ဒီဇင်ဘာ  ၁၅ ရက်တွင် လုပ်ကြံသတ်ဖြတ်ခဲ့၍  နေအိမ်အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။  ထိုသို့ သတ်ဖြတ်မီးရှို့ခံရ ချိန်တွင်    သေဆုံးသူမိသားစုများက    ပိုင်ဆိုင်ပြီး လုံခြုံစွာသိမ်းဆည်းထားသည့် ငွေကြေးနှင့် လက်ဝတ် ရတနာများ နေအိမ်ပတ်ဝန်းကျင်၌ ကျန်ရှိနေသေး သဖြင့်    ပြန်လည်ရှာဖွေပေးရန်   နေပြည်တော်သို့ ရောက်ရှိနေသည့်         ကျန်ရှိမိသားစုဝင်များက သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့်   အကူအညီ တောင်းခံခဲ့မှုအပေါ်    လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့  အားချင်းသွားရောက်ရှာဖွေပေး ခဲ့ရာ  လက်ဝတ်ရတနာများနှင့် ငွေသားလက်ကျန် များကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ယနေ့တွင်  ၎င်းတို့ ၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဦးတည်ဆောင်ရွက်ခြင်းဖြစ်


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   မြို့၊   ရွာ၊  ရပ်ကွက်များအတွင်း      အကြမ်းဖက်သမားများ၊ အကြမ်းဖက်လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်း များနှင့် ပတ်သက်၍ လုံခြုံရေးအရ နေ့၊ ည အချိန် အခါမရွေး   လိုအပ်ချက်အရ   နေအိမ်များအတွင်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရလေ့ရှိသော်လည်း အကြမ်းဖက်အုပ်စုနှင့် ဆက်စပ်လက်နက်/ ခဲယမ်း၊  မိုင်းများကိုသာ     ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုများအား လုံးဝထိပါးပျက်စီးစေခြင်းမပြုရန်နှင့် လိုအပ်သည့် အကူအညီများအား   စိတ်ရင်းစေတနာဖြင့်  ကူညီ စောင့်ရှောက်ရန်       ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။  သို့ရာတွင်  အယောင် ဆောင် လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများလည်း  ဖြစ်ပေါ်လေ့ရှိသဖြင့်  ရှာဖွေစစ်ဆေးစဉ်  ထိခိုက် နစ်နာမှုများရှိပါက ကာယကံရှင်များက သက်ဆိုင်ရာ သို့ သတင်းပို့တိုင်ကြားရမည့် ဖုန်းနံပါတ်များကို တိုင်ကြားနိုင်ကြောင်း၊ အကူအညီရယူလိုပါကလည်း အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်းစဉ်