
နေပြည်တော် ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က Drone ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားလျက်ရှိသည့် ကျောင်းသား သုံးဦးနှင့် ကိုရင်တစ်ပါးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်တွင် ဗုံးသီးချိတ်ဆွဲကာ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ကျောင်းဆောင်အတွင်း စာသင်ကြားလျက်ရှိနေသော ကျောင်းသား သုံးဦး၊ ကိုရင်တစ်ပါးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ သည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်