ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

 

နေပြည်တော်   ဇွန်   ၁၁


ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ  လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ  လွှဲပြောင်းပေးအပ်ခြင်းကို  ဇွန် ၆ ရက်  နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း  စစ်ဌာနချုပ် ကလေးတပ်နယ် နယ်မြေခံတပ်ရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် သန့်ဇင်ဦး နှင့် တပ်မတော် အရာရှိကြီးများ၊ ကလေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့ဝင်များ၊  အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏  မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ ဗိုလ်မှူးချုပ် သန့်ဇင်ဦး က ဆုံးမအမှာ စကားပြောကြားပြီး  ကလေးခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်  ခရိုင်ရဲတပ်ဖွဲ့မှူးတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များအား    ရှင်းလင်းဆွေးနွေး   ပြောကြားကြသည်။

 

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဝင်ရောက် ခိုလှုံခဲ့သည့်    PDF  အဖွဲ့ဝင်တစ်ဦးက     ကျေးဇူးတင် စကား     ပြန်လည်ပြောကြားသည်။  ယင်းနောက်      ဗိုလ်မှူးချုပ် သန့်ဇင်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင် အမျိုးသား သုံးဦးနှင့်  အမျိုးသမီး  နှစ်ဦးတို့ကို  အသိအမှတ်ပြု        ကတ်ပြားများ၊ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ် ရာများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့     ပြန်လည်လွှဲပြောင်း     ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                                  

သတင်းစဉ်