ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊    ၁၅  /၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း   ၁၂   ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ    ၁၂  ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန် ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့်ပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်း သား (၈၁၄)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံ ပါမည်” ဟူသော  စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ပုံ) မင်းအောင်လှိုင်
 ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
 

Type