
နောင်တရား ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရား မြို့အနီးဝန်းကျင် ကျေးရွာများနှင့် ဝေးလံသည့် ကျေးရွာများမှ ပအိုဝ်းတိုင်းရင်း သား ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး ဒုတိယအကြိမ်ကို ဆက်လက် ထိုးနှံ ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းများ ကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက် ပေးလျက်ရှိပြီး နောင်တရားမြို့ အနီးဝန်းကျင် ရှိ ကျေးရွာများနှင့် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၄ ရက်က ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ပြည်သူ ၈၃၅ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ တစ်မြို့ နယ်လုံးအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ်မှတ်အကြိမ်ရေ အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက် သုံးခုနှင့် ကျေးရွာ အုပ်စု ၁၄ အုပ်စုမှ ဝေးလံသည့် ကျေးရွာများအထိ သတ်မှတ် စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)