ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးရွာ ၃၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

 

ဟိုပုံး  ဇူလိုင်   ၂


ရှမ်းပြည်နယ်(တောင်ပိုင်း)  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ    ကျေးရွာ   ၃၁  ရွာ၌  ကျေးလက်ဒေသ  ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ဟိုပုံးမြို့နယ်မှ ကျေးရွာ ၁၀ ရွာ၊   ဆီဆိုင်မြို့နယ်မှ ကျေးရွာ ၁၀ ရွာ၊ ပင်လောင်းမြို့နယ်မှ ကျေးရွာ ၁၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းဒေသ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


အဆိုပါစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ  ၃၁ ရွာမှာ ဟိုပုံးမြို့နယ် ကျောက်စု(လုံးထိန်)၊ ကုန်းတလေး၊ အုံယွန်း၊ ထီဆင်း၊ ခူးဟန်၊ ငိုချီး၊ နောင်ကွင်၊ ဟိုနမ့်၊ ထီလင်း၊ ကုန်းလိန်း(ပူးဝိန်း)၊ ကောင်းမှုဗွာ(ဘုရားဖြူ)၊    လုံမြင့်၊   စမ်းစုတ်၊ လုံမီ၊ ဘုရားဖြူ၊   မြို့ဦး၊   ကွန်နား၊   ဟန်လွဲ၊ ကောင်တယံ၊ ဟိုင်းနွဲ့၊   ဆီဆိုင်မြို့နယ်  ပင်ငို၊ စလောင်းထောင်၊ ဟော်(တောင်)၊ ဘုရားဖြူ၊ မြေနီ၊ ကောင်းမူဗွာ၊ မန်းဦး၊ ထီလျော့၊ ပြင်သာ ယာ၊ ထီလုံးဟီ၊ ထမ့်ဆိုင်း၊ နောင်ခုံး၊ နားလွယ်၊ ဖက်နံ၊ ကုန်းကျောင်း၊ တန့်ဆန်း၊ လွယ်မွန်း၊ ဟိုတင့်၊   ထမ့်ယမ်း(လယ်)၊  နားဆီးဆောက်၊ ပင်လောင်းမြို့နယ် ရှားဒိန်၊ စင်းတောင်း(လယ်)၊ ဆောင်းပြောင်း(နောက်)၊ ဗောင်းကျောင်းနား၊ ရေချို၊ ထီရီးရွာမ၊ ထီးရီးရှေ့၊ ပင်စိမ်းစု၊ ကံကော် ပင်၊    ခေါ်ပူး၊   ဝါးတာ၊   ဗောင်းပြူးလောင်း၊ ဗောင်းပြုံး၊ ဘုရားဖြူ၊ တောင်လေး(တောင်)၊ တောင်ပေါ်၊ လူဖဲခြမ်း၊ ဆောင်းပြောင်း(တောင်)၊ တောင်လွယ်မောင်း(တောင်)၊ တောင်လွယ် မောင်း(မြောက်)၊ ခနွဲကောင်ထို၊ ကောင်ကျော် တို့ဖြစ်ကြောင်း သိရသည်။ 

 


အဆိုပါကျေးရွာများ၌    ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက်   ကျေးရွာတစ်ရွာ၏ လိုအပ်ချက်နှင့်       အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့်လုပ်ငန်းများ၊ ကျေးရွာ ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်း ပြီး ကဏ္ဍပေါင်းစုံပါဝင်သည့်  ဖွံ့ဖြိုးရေးအစီ အစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပအိုဝ်းဒေသကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစီမံ ကိန်း(VDP) ဆောင်ရွက်ရန်အတွက် မြို့နယ် အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ  ကျေးရွာများ ရွေးချယ်ဆောင်ရွက်ပြီးဖြစ်ရာ ယခုအခါ     ကျေးရွာအတည်ပြုချက်ရရှိပြီး ဖြစ်သောကြောင့် ကျေးရွာစီမံကိန်းကော်မတီ များ ဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်း၊ စီမံချက် များ  ရေးဆွဲခြင်း၊   ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းများကို    ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နေမင်းထွန်း(ပအိုဝ်းဒေသ)