ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ စာမေးပွဲအောင်စာရင်းများထုတ်ပြန်

 

ဟိုပုံး    ဧပြီ   ၂၇


၂၀၂၂ - ၂၀၂၃     ပညာသင်နှစ်အတွက်  စာမေးပွဲအောင်စာရင်းများကို ယနေ့ တွင်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ထုတ်ပြန်လျက်ရှိရာ      ရှမ်းပြည်နယ် (တောင်ပိုင်း)  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ      ဟိုပုံးမြို့နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းအသီးသီး၌လည်း ထုတ်ပြန်ကြေညာသည်။

 


ဟိုပုံးမြို့နယ်တွင် ဖြေဆို  ကျောင်း သား ကျောင်းသူ စုစုပေါင်း ၁၆၃၀၁ ဦး၊  အောင်မြင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆၂၆၃ ဦး ရာခိုင်နှုန်းအားဖြင့်  ၉၉ ဒသမ ၇၇ ရာခိုင်နှုန်း၊ အလယ်တန်း အဆင့် ဖြေဆို ကျောင်းသား ကျောင်းသူ စုစုပေါင်း     ၃၆၉၆   ဦး၊   အောင်မြင် ကျောင်းသား   ကျောင်းသူ   စုစုပေါင်း ၃၆၆၇ ဦး ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၂၂    ရာခိုင်နှုန်း၊   အထက်တန်းအဆင့်  ဖြေဆို  ကျောင်းသား ကျောင်းသူ  စုစု ပေါင်း၇၁၂ ဦး၊ အောင်မြင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၁၂ ဦး ရာခိုင်နှုန်း အားဖြင့်    ၁၀၀  ရာခိုင်နှုန်း    ဖြေဆို အောင်မြင်ကြကြောင်း   မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)