ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဒေသခံပြည်သူများ မဲနယ်တောင်ဒေသသာယာလှပရေး အရိပ်ရအပင်များနှင့် ပန်းအလှပင်များစိုက်ပျိုး

 

ဟိုပုံး    ဩဂုတ်   ၂၂


ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ    ဒေသ ဟိုပုံးမြို့နယ်တွင်   မဲနယ်တောင် ဒေသ သာယာလှပရေးနှင့် ခရီး သွားလုပ်ငန်း     ဖွံ့ဖြိုးတိုးတက် စေရေးအတွက်  အရိပ်ရအပင်များ နှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း ကို စံဖူးကျေးရွာအုပ်စု ကျောက္က ချားကျေးရွာတွင်   ဩဂုတ်     ၂၁ ရက် နံနက်  ၈ နာရီက စိုက်ပျိုး ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက်      ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့    ဥက္ကဋ္ဌ    ဦးခွန်ရဲထွေး၊ မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး           ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက နယ်စပ်ဒေသ နှင့်      တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်း ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်ထောင်စုရန်ပုံငွေကျပ်  ၁၃၇ ဒသမ ၂၃၃ သန်းဖြင့် ဆောင်ရွက် သည့် ကောင်ကလွန်း-လွယ်မိုင်း တောင် (ပွိုင့် ၈၂၆၃) လမ်း (၃/၀) မိုင်အနက်   (၂/၆)  မိုင်  မြေသား လမ်းဖောက်လုပ်ခြင်း    လုပ်ငန်း ဆောင်ရွက်နေမှုကို  ကြည့်ရှုခဲ့ကြ  သည်။ အဆိုပါလမ်းဘေးရှိ ပင်လယ် ရေမျက်နှာပြင် အမြင့်ပေ ၇၀၀၀ ကျော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန        ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ  စုစုပေါင်းအင်အား    ၁၅၀    ဖြင့်  တောင်ဇလပ်အဖြူနှင့်  တောင် ဇလပ်အနီ  ၁၃၁  ပင်၊ ချယ်ရီပင် ၁၂၉ ပင် စုစုပေါင်း ၂၆၀ စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။   အဆိုပါ   လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီး ပါက ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၈၂၅၀ တွင် မဲနယ်တောင်ဒေသ တောင် ဇလပ်ပန်းများ၏ အလှအပ များ၊ တိမ်ပင်လယ်များ၏ သဘာဝ အလှတရားများ ကြည့်ရှုခံစားနိုင် မည်ဖြစ်ကြောင်း သိရသည်။ 


ပအိုဝ်းဒေသ(ပြန်/ဆက်)