ပဲခူးတိုင်းဒေသကြီးအတွင်း သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်များ ဆက်ကပ်လှူဒါန်း

 

ပဲခူး   မတ်   ၇


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍  ပဲခူးမြို့  ဗုဒ္ဓအသံ  ဓမ္မ ဗိမာန်‌တော်ကြီး၌ မတ် ၅ ရက်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ  ၂၀၂၃ ခုနှစ်  သာသနာတော်ဆိုင်ရာ  ဘွဲ့ တံဆိပ်တော်ရ ဆရာတော်၊ သီလ ရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပသည်။

 


ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါ စရိယ၊   နိုင်ငံတော်   သံဃမဟာ နာယကအဖွဲ့၊     နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်နှင့်  ပဲခူးတိုင်း ဒေသကြီး       သံဃနာယကအဖွဲ့  ဆရာတော်ကြီးများနှင့်  သာသနာ တော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော်ရ   ဆရာတော်များနှင့်     သီလရှင် များအား   နေ့ဆွမ်း    ဆက်ကပ် လှူဒါန်းသည်။

 


ထို့နောက်     သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပွဲကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍  အခမ်း အနားကို ဖွင့်လှစ်သည်။

 


ယင်းနောက် နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု မြို့မ စာသင်တိုက်ဆရာတော်   ဘဒ္ဒန္တ ဂန္ဓမာ        မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူး ပြုသော   ဧည့်ပရိသတ်များက    ငါးပါးသီလ    ခံယူဆောက်တည် ကြပြီး    မဟာဂန္ထဝါစကပဏ္ဍိတ    ဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ပန်းလှိုင် စာသင်တိုက်ဆရာတော်  ဘဒ္ဒန္တ ရာဇိန္ဒမထေရ်မြတ်က     သမ္မော ဒနီယ  ဩဝါဒကထာ  မြွက်ကြား ချီးမြှင့်တော်မူသည်။

 


ထို့နောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက     သာသနာရေးဆိုင်ရာများ လျှောက် ထားပြီး ဘွဲ့တံဆိပ်တော်ရ  ဆရာ တော်ကြီးများ၊   သီလရှင်များနှင့်    လူပုဂ္ဂိုလ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်     တရားသူကြီးချုပ်၊       နယ်မြေခံတပ်မဌာနချုပ်   တပ်မ မှူး၊     အစိုးရအဖွဲ့ဝန်ကြီးများ၊  တိုင်းဒေသကြီး ဥပဒေချုပ်၊ အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးတို့က   ဘွဲ့တံဆိပ်တော်များ    ဆက်ကပ် လှူဒါန်းပေးအပ်ကြသည်။

 


ဆက်လက်၍     ပဲခူးတိုင်း ဒေသကြီး     သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ   ဆရာတော်   (ရွှေကျင်) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥက္ကံသ မဟာထေရ်မြတ်ထံမှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် အမှူးပြုသော   ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစု အတွက်   ရေစက်သွန်းလောင်း   အမျှပေးဝေသည်။

 


ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃    ခုနှစ်   သာသနာတော် ဆိုင်ရာ   ဘွဲ့တံဆိပ်တော်ရရှိသည့် ရဟန်း၊ သံဃာ ၃၆  ပါး၊ သီလရှင်  လေးပါးနှင့်  လူပုဂ္ဂိုလ် သုံးဦးတို့ ရရှိ‌ကြကြောင်း သိရသည်။          

    
  တင်စိုး(ပဲခူး)