ပဲခူးတိုင်းဒေသကြီးအတွင်း မြစ်ရေတင်နှင့် ရေပေးရေးစနစ်များကို ဆိုလာစနစ်ပြောင်းလဲရန် ဆွေးနွေး

 

ပဲခူး  နိုဝင်ဘာ  ၇


ပဲခူးတိုင်းဒေသကြီးအတွင်း        အသုံးပြုနေသည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို  ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း  စတင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်းနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက    ကျေးရွာအလိုက်      ရေရရှိရေး ဆောင်ရွက်ပေးထားသော အင်ဂျင်စနစ်များကိုလည်း ဆိုလာစနစ်သို့ ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။ 

 


ပဲခူးခရိုင်အတွင်း   အုပ်ချုပ်ရေး၊      စီးပွားရေး၊ လူမှုရေးနှင့်       ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်ရာ တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးလက်နှင့်မြို့ပြကွာဟမှု လျှော့ချနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   အရှိန် အဟုန်ဖြင့်  ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း၊ တောင်သူများအတွက် အမှန်တကယ်အကျိုး ရှိသည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ဆိုလာ စနစ်ဖြင့်  ရေတင်ခြင်းလုပ်ငန်း     စတင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရေရရှိနိုင်သော နေရာများကိုလည်း ဆိုလာစနစ် ပြောင်းလဲတပ်ဆင် ပေးမည်ဖြစ်ကြောင်း၊ ယခင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအလိုက်  ရေရရှိရေး ဆောင်ရွက်ပေးထားသော အင်ဂျင်စနစ်အား  ဆိုလာ စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နောင်ပြုလုပ်သော ကျေးရွာရေရရှိရေးလုပ်ငန်းများအားလုံးကို   ဆိုလာစနစ်ဖြင့်   ဆောင်ရွက်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

 


ထို့အပြင် ကိုဗစ်- ၁၉ ကာကွယ်ရေးဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ   တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက်  ပဲစိုက်ခင်းတွင်    နေကြာ သီးညှပ်စိုက်ပျိုးသွားရန်၊     တောင်သူများအတွက်  ဓာတ်မြေဩဇာအိတ်များကို     သက်သာသော နှုန်းထားဖြင့် ရောင်းချပေးရာတွင်   အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်၊ မြို့ပေါ်ရပ်ကွက်နှင့်    ကျေးရွာ များအထိ အခြေခံစားသောက်ကုန်များ သက်သာ သောနှုန်းထားဖြင့်       လှည့်လည်ရောင်းချရန်၊  ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်    စာရင်းဇယား ထည့်သွင်းခြင်းအပိုင်းများ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်သွားရန်နှင့်    ကျောင်းဖွင့်ရာသီရောက်ပြီ ဖြစ်၍ ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖ များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်   ညှိနှိုင်း ဆောင်ရွက်သွားရန်တို့ကိုလည်း      တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။ 

 


ထို့နောက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊  စီးပွား ရေး၊ လူမှုရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  ဝန်ကြီးများက လိုအပ်သည်များကို မှာကြားသည်။    

                                       
တင်စိုး(ပဲခူး)