
ပဲခူး စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ ယနေ့နံနက်ပိုင်းတွင် Online Zoom Meeting System ဖြင့် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာ ရေး စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ ဆောင်ရွက် သွားရန်၊ မိုးစပါးများ ရိတ်သိမ်းခြွေလှေ့တော့မည် ဖြစ်၍ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မြို့နယ်အလိုက် အဓိကထား ဆောင်ရွက်ကြရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ် စတင်တော့ဖြစ်မည်၍ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပစ္စည်းတင်ဒါများကို တင်ဒါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွား ကြရန်၊ ဆိုလာစနစ်ဖြင့် နွေစပါးရေရရှိရေး မြစ်ရေ တင်စီမံကိန်းနှင့် ကျေးလက်ရေပေးဝေရေးစီမံကိန်း များကို Pilot Project အနေဖြင့် ဆောင်ရွက်ရန်၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရမည့် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစာရင်းများ အချိန် မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံချက်များကို ရှင်းလင်း တင်ပြကြရာ တိုင်းဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်