ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ပေါ့ဆ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်


 

ပဲခူး အောက်တိုဘာ ၂၅


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂၂/၂၀၂၁)ကို Online စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က     ပဲခူးတိုင်းဒေသ ကြီးအတွင်း   ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားမှုနှုန်း        နှစ်ရာခိုင်နှုန်း အောက်ရောက်ရှိ  ကျဆင်းနေပြီ ဖြစ်သော်လည်း        ကာကွယ် ထိန်းချုပ်ခြင်း    လုပ်ငန်းများကို  ပေါ့ဆ၍မရဘဲ အရှိန်အဟုန်ဖြင့်    ဆက်လက် ဆောင်ရွက်သွားရန်      လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ရရှိသည့် ကာကွယ်ဆေး    အရေ အတွက်အတိုင်း        သတ်မှတ် ဦးတည်အုပ်စုများ  မကျန်ရှိစေရေး နှင့်   ကာကွယ်ဆေး      လေလွင့်မှု မရှိစေရေး   ဆေးထိုးစုရပ်များ အလိုက်ချိတ်   ဆက်ဆောင်ရွက် သွားရန်   လိုအပ်ကြောင်း၊ ရဟန်း/  သံဃာများ၊       သီလရှင်များ၊    ကပ္ပိယများနှင့်  ဝေယျာဝစ္စဆောင် ရွက်သူများအား       ရာနှုန်းပြည့်  ကာကွယ်ဆေး           ထိုးနှံပေးရန်၊  အခြေခံပညာ  အလယ်တန်းနှင့်   အထက်တန်း              ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်း ဖွင့်ရာသီမတိုင်မီ ကာကွယ်ဆေး အပြီးထိုးနှံနိုင်ရေး   ဆောင်ရွက် သွားရန် ပြောကြားသည်။
ထို့နောက်    တက်ရောက်လာ သူများက  တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုအခြေ အနေနှင့်    ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု  အခြေအနေ၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ အကြံပြုချက်များနှင့် ကာကွယ်ဆေးထိုး   ဆောင်ရွက်မှု အခြေအနေ၊     အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း ကျောင်းသား    ‌ကျောင်းသူများ   ကာကွယ်ဆေး               ထိုးနှံပြီးစီးမှု    အခြေအနေ၊    မြို့နယ်အလိုက်           ဆောင်ရွက်လျက်ရှိသည့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊  ကုသရေး            လုပ်ငန်းများနှင့်    သီးခြားလိုအပ်ချက်များကို  တင်ပြ ဆွေးနွေးကြရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က   လိုအပ်သည်များ        ဖြည့်စွက်မှာကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းဦးရေ ၃၇၉၅၀၀၀ရှိပြီး အောက်တိုဘာ   ၂၄  ရက်အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး    ထိုးနှံပြီးစီးသူ ၁၂၇၄၀၃၉ဦး၊    ကာကွယ်ဆေး  နှစ်ကြိမ်အပြည့်        ထိုးနှံပြီးစီးသူ ၆၆၀၉၃၆  ဦးရှိသဖြင့် ရည်မှန်း ဦးရေ၏  ၃၃   ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးမှုရှိကြောင်း     သတင်း ရရှိသည်။   
             သတင်းစဉ်