ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး   သြဂုတ်    ၂၇


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဖလား ခြောက်ခရိုင်နှင့်တက္ကသိုလ် များ အသက် (၂၃) နှစ်အောက်  အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို  သြဂုတ် ၂၇ ရက် နံနက်ပိုင်း ပဲခူးမြို့ ဥဿာမြို့ သစ်ရှိ တိုင်းဒေသကြီး အားကစား ဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးမျိုးဆွေဝင်း  တက်ရောက် ဖွင့်လှစ်ပေးသည်။
 အားကစားစိတ်ဓာတ်ထားရှိ
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဒေသတွင်းအသက်အရွယ် အလိုက် ထူးချွန်အားကစားသမား များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ် လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ ဂုဏ်ဆောင်  မြန်မာ့လက်ရွေးစင် အားကစားသမားများ     အဖြစ် မွေးထုတ်ပေးနိုင်ရေးနှင့်    မြန်မာ့ ပိုက်ကျော်ခြင်း     အားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေး ကို အထောက်အကူပြုစေရေးနှင့် လူငယ်သွေးသစ်  ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက် လာစေရေး   ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊      ယခုလို ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲ  များမှတစ်ဆင့်    မျိုးဆက်သစ် များ မွေးထုတ်ပေးနိုင်ရေးအတွက် ပြိုင်ပွဲဝင်   အားကစားသမားများ အနေဖြင့် မိမိတို့၏ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတိုင်းတွင်       အမြင့်ဆုံး အဆင့်အထိ      မျှော်မှန်းကြိုးစား ယှဉ်ပြိုင်သွားကြရမည်    ဖြစ် ကြောင်း၊     အားကစားနည်း       အလိုက်   အောင်မြင်မှုများသည်   မိမိနိုင်ငံနှင့် မိမိလူမျိုး၏  အမျိုး ဂုဏ်၊ ဇာတိဂုဏ်၊  မျိုးချစ်စိတ်ဓာတ် ရှင်သန်မြင့်မားမှုကို   ထင်ဟပ် ဖော်ညွှန်းခြင်းပင်   ဖြစ်ကြောင်း၊ အနိုင်အရှုံးသည်     သာမည၊ ယှဉ်ပြိုင်ခြင်းသည်      အဓိက ဆိုသည့်    အားကစားစိတ်ဓာတ်ကို လည်း အမြဲထားရှိကြရန်  လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစား အသင်းများက    အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်ရွတ်ဆို အလေး ပြုကြပြီး      တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲ ဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊   ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ပဲခူး တက္ကသိုလ်အသင်းနှင့် နတ်တလင်း ခရိုင်အသင်းတို့   ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲဝင်အသင်း ၁၁ သင်းပါဝင်
အဆိုပါ  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်နှင့် တက္ကသိုလ်များ    အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲကို သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင်   ခြောက်ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင် အသင်း ခြောက်သင်း တက္ကသိုလ် များ ကိုယ်စားပြုပြိုင်ပွဲ ဝင်အသင်း  ငါးသင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၁ သင်းပါဝင်ကာ အုပ်စုလေးအုပ်စု ခွဲ၍ ပတ်လည်ယှဉ်ပြိုင်   ကစား သွားမည်ဖြစ်ကြောင်း သိရသည်။                
တိုင်းဒေသကြီး(ပြန်/ဆက်)