ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  တောင်ငူတပ်နယ်ဆေးရုံတက်လူနာများအား ထောက်ပံ့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

တောင်ငူ မတ် ၂၈ 


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည်  မတ် ၂၈ ရက် နံနက်က   တောင်ငူ တပ်နယ်   ဆေးရုံတက်လူနာများအား  သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)  ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ      ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။

 


 ရှေးဦးစွာ  တိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမျိုး ဆွေဝင်းသည်         တောင်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူးဗိုလ်ချုပ်ထိန်ဝင်းနှင့်အတူ  တောင်ငူမြို့နယ် အမှတ်(၃)စစ်မြေပြင်ဆေးတပ်ရင်း၊  စစ်ဆေးရုံသို့  သွားရောက်ပြီး     ဆေးရုံတက်   လူနာများအား  ရင်းရင်းနှီးနှီးတွေ့ဆုံ    အားပေးစကားပြောကြား ပြီး       ထောက်ပံ့ငွေနှင့်         အစားအစာများပေးအပ် သည်။

 


ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  တောင်ငူမြို့ အမှတ်(၂)ရပ်ကွက် ရှေးဟောင်းကျုံး ဘေး   အပန်းဖြေပန်းခြံ   တည်ဆောက်နေမှုအား  ကြည့်ရှုစစ်ဆေးပြီး  အလှပန်းပင်များအား ခေတ်မီ  Landscaping Design ဖြင့် ပုံဖော်ဆောင်ရွက်ရန်၊  ကျုံးအတွင်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက် ရန်နှင့် ဗေဒါပင်မှ လူသုံးကုန်ပစ္စည်းထုတ်လုပ်နိုင်ရေး    သင်တန်းဖွင့်ပေးရန်    တာဝန်ရှိသူများအား  မှာကြားသည်။

 


 ယင်းနောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  တောင်ငူမြို့နယ်  ပဲချက်ကုန်းကျေးရွာတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ၁၈၀ ဒသမ ၆၉၇ သန်း  အကုန်အကျခံကာ  ဆိုလာရေတင်စနစ်ဖြင့်  ကုန်းမြင့်လယ်မြေ   ဧက  ၁၅၀   နွေစပါးစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား     ကြည့်ရှုစစ်ဆေး သည်။

 


ဆက်လက်၍  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်လေးပင် - ပြွန်တန်ဆာ(မြို့ရှောင် လမ်း)  ဖောက်လုပ်နေမှုအား   ကြည့်ရှုစစ်ဆေးခဲ့ပြီး  လမ်းဧရိယာအတွင်း     ကျူးကျော်မှုမရှိစေရေးနှင့်  လမ်းဘေးရေမြောင်းများ    တစ်ပါတည်းထည့်သွင်း ဆောင်ရွက်ရန်     မှာကြားသည်။     ထို့နောက်   ညောင်လေးပင်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်တောင်သူများက  အရင်း ကျေပဲတီစိမ်း  ပြန်လည်ပေးဆပ်နေမှုအား ကြည့်ရှု အားပေးခဲ့သည်။ ညောင်လေးပင်ခရိုင်အတွင်း  နိုင်ငံ့ စီးပွားမြှင့်တင်ရေး  ပဲတီစိမ်းစိုက်ဧက ၆၈၀၀၀ ရှိ ပြီး   ယခုအချိန်ထိ  ၆၀ ရာခိုင်နှုန်းကျော်  ပြန်လည် ပေးသွင်းလျက်ရှိကြောင်း သိရသည်။

 


 ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ညောင်လေးပင်မြို့တွင်း  ရေစီးရေလာကောင်း မွန်စေရေး   ရွာသစ်ချောင်း   ပြန်လည်တူးဖော်နေမှု အား ကြည့်ရှုစစ်ဆေးသည်။

 


 ယင်းနောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်  ဒိုက်ဦးမြို့နယ်  အောင်စိုးမိုးကျေးရွာ  Gasifire  စွန့်ပစ်စပါးခွံသုံး        လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့်  ဆန်စက်နှင့်         ဆီစက်လည်ပတ်ဆောင်ရွက်နေမှု အား  သွားရောက်ကြည့်ရှုအားပေးခဲ့သည်။                 

 


ဆက်လက်၍  တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းသည်  ဝေါမြို့နယ် ဆပ်သွားခြုံတာဆုံ ရှိ Cargo X- Ray စစ်ဆေးရေးဂိတ်သို့  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး  တရားမဝင်ကုန်ပစ္စည်းများနှင့်  မူးယစ်ဆေးဝါး  သယ်ဆောင်မှုမရှိစေရေး၊ ယာဉ်ကြော ပိတ်ဆို့မှုမရှိစေရေးနှင့်  လုံခြုံရေးအသိ   လုံခြုံရေး သတိဖြင့်ဆောင်ရွက်ရန်    မှာကြားခဲ့ပြီး  တာဝန်ကျ တပ်ဖွဲ့ဝင်များအတွက်  ထောက်ပံ့ငွေများ   ပေးအပ်ခဲ့ သည်။  ၎င်းနောက် ဝေါမြို့နယ်  ကျိုက်လှကျေးရွာ ရှိ  တစ်နှစ်သုံးသီးစိုက်   ရက် ၉၀ စပါး မျိုးသန့်  မျိုးပွား စံပြစိုက်ခင်းသို့   သွားရောက်ပြီး   ဒေသနှင့် ကိုက်ညီသော  သက်တမ်းတိုပြီး  အထွက်နှုန်းကောင်း သည့်    စပါးမျိုးများ   မြို့နယ်အလိုက်   တိုးချဲ့၍  တောင်သူ  အစုအဖွဲ့စနစ်ဖြင့်  စိုက်ပျိုးဆောင်ရွက်ရန်  တာဝန်ရှိသူများအား    မှာကြားခဲ့ကြောင်း    သိရ သည်။


တင်စိုး(ပဲခူး)