
ပဲခူး ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ပဲခူးမြို့နယ်ရှိ ဝါးကတုတ်ဆည်အတွင်း၌ ဇူလိုင် ၂ ရက်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်သည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၃) ဦးတင်သိန်း နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးထွန်းဝင်းမြင့်၊ ဒုတိယ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှူး၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် များ၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူးနှင့် ဝန်ထမ်းများ၊ ပဲခူး ငါးလုပ်ငန်းစခန်း တာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဝါးကတုတ်ဆည် အတွင်းသို့ ပဲခူးငါးလုပ်ငန်းစခန်းမှ နှစ်လက်မ အရွယ်တောင်ပေါ် ငါးသလောက် ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ အပါအဝင် ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ ၁၅၀၀၀၀၊ ငါးခုံးမ ကြီး ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်းငါးသားပေါက် ကောင်ရေ ၂၅၀၀၀၀ ငါးမျိုး စိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်