
နေပြည်တော် မေ ၁၀
ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရော နစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တောင်ငူ ခရိုင် တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၆၄ ခုမှ ပြည်သူ ၃၇၆ ဦး ၊ ရေတာရှည်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၅ ခုမှ ပြည်သူ ၂၉၆ ဦး၊ စုစုပေါင်း ၆၇၂ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြ သည်။
ဦးစွာတိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်း ပြသဆောင်ရွက်ကြပြီး တက်ရောက်လာ ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်း များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါ ဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေး ကြသည်။
စမ်းသပ်မဲပေးသူများက ယခင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန် စေမည့်အကြံပြုချက်များ ပေးခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်တွင် ဧပြီ ၂၅ ရက်မှ မေ ၁၀ ရက်အထိ မဲဆန္ဒရှင်စုစုပေါင်း ၈၅၀၄ ဦးက အီလက်ထရောနစ်မဲပေး စက်ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ် မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်