ပဲခူးတိုင်းဒေသကြီး သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းဆွေးနွေး

 

ပဲခူး    အောက်တိုဘာ   ၁၉


ပဲခူးတိုင်းဒေသကြီး သတင်းမှန်ပြန်ကြားရေး ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းဝေးကို အောက်တိုဘာ ၁၈ ရက်က ပဲခူးမြို့ရှိ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် သည်။

 


အစည်းအဝေးတွင်   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးတင်ဦးက“မီဒီယာကဏ္ဍသည် နိုင်ငံတော်အခန်းကဏ္ဍတွင်   စတုတ္ထမဏ္ဍိုင် ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများ သတင်းအမှန်သိရှိစေရန် အရှိကိုအရှိအတိုင်း အစွဲအလမ်းကင်းစွာဖြင့် ထုတ်ပြန်ပေးကြရန် လိုကြောင်း၊ ယနေ့အချိန်ကာလသည် ပြည်သူ များ သတင်းအမှန်သိရှိရန်      လိုအပ်သဖြင့် တက်ရောက်လာသော သတင်းမီဒီယာသမား များက ပြည်သူများ သတင်းအမှန်သိရှိရေးအတွက် မိမိတို့သက်ဆိုင်ရာ ဂျာနယ်၊ စာစောင်၊ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများ အပေါ်    လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေး ဆောင်ရွက်ချက်များကို     ပြည်သူများထံသို့ မှန်မှန်ကန်ကန် အသိပေးကြရန်   တိုက်တွန်း ပါကြောင်းစသည်ဖြင့် ပြောကြားသည်။ 

 


ထို့နောက် တက်ရောက်လာသော သတင်း မီဒီယာများ၊     လစဉ်ထုတ်ဝေလျက်ရှိသော ဂျာနယ် အယ်ဒီတာချုပ်များက မိမိတို့၏ လုပ်ငန်းများလုပ်ဆောင်နေမှုများကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  စီးပွားရေးရာ ဝန်ကြီးက နိဂုံးချုပ်အမှာစကား  ပြောကြားခဲ့ သည်။ ပဲခူးမြို့ပေါ်၌ လက်ရှိ ခေတ်ပုံရိပ်ဂျာနယ် နှင့် လူထုရင်ဖွင့်သံဂျာနယ်တို့သည် တစ်လလျှင် နှစ်ကြိမ်ထုတ်ဝေလျက်ရှိကြောင်း       သိရ သည်။                        

ကိုတွတ်(ပြန်/ဆက်)