ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်း လယ်ယာမြေများအား Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး

 

ပြည်   ဒီဇင်ဘာ  ၁၉


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ  ၁၈ ရက် နံနက်ပိုင်းက     တိုင်းဒေသကြီး ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ပြည်မြို့ Mingalar Garden Hotel ၌ ကျင်းပသော  တိုင်းဒေသ ကြီး   ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာမြို့ အပျော်တန်း       စက်ဘီးစီးပွဲတော်ကျင်းပရေး        လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး   တိုင်းဒေသကြီး   ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန    ဒုတိယညွှန်ကြားရေး မှူးက        လုပ်ငန်းကြိုတင်ဆောင်ရွက်ထားမှု  အခြေအနေ  ရှင်းလင်းတင်ပြမှုများအပေါ်    လိုအပ် သည်များအား     ပေါင်းစပ်ညှိနှိုင်း‌     ဆောင်ရွက် ပေးသည်။

 


ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပေါက်ခေါင်းမြို့  အမှတ်(၅)ရပ်ကွက် ဖန်ခါးပင် ကျေးရွာရှိ   တောင်နဝင်း  ရေသောက်စနစ်  (PK-1) မြောင်းအဖျားပိုင်း  ကုန်းမြင့်လယ်ယာမြေဧက ၇၀ အား တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထား သော Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုကာ တောင်သူများ နှင့်တွေ့ဆုံ၍    တစ်နှစ်  သုံးသီး   စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ပြီး    ပေါက်ခေါင်းမြို့နယ်   အထကသို့ သွားရောက်၍    ကျောင်းသား   ကျောင်းသူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အားကစား ပြုလုပ်ရန် ဘောလုံးများကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 


ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်    တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖောက်လုပ်ခဲ့ သော အရှည် ၄ မိုင် ၅ ဖာလုံရှိ ပနီပင်- ညောင်ပင်လှ- သစ်ချိုပင်- သပြေပင်အင်း- ကံစု- ကြောင်လျှာကုန်- အင်းဝင်း   ကျေးရွာချင်းဆက်   မြေသားလမ်းကို ကြည့်ရှုခဲ့သည်။ အဆိုပါလမ်းသည် ကျေးရွာ ခုနစ်ရွာ မှ   လယ်ယာထွက်ကုန်သီးနှံများကို   မြို့ပေါ်သို့ အလွယ်တကူတင်ပို့ရန်              အသုံးပြုနိုင်မည်ဖြစ် သည်။

 


ထို့နောက်   ဝက်ထီးကန်မြို့ရှိ    ဝေယံတိုင်းရင်း ကြက်သားပေါက်ဖြန့်ချိရေးနှင့်    သားဖောက်စက် အရောင်းလုပ်ငန်းသို့     သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဒေသကြက်မျိုးများ အား ခေတ်မီနည်းစနစ်များဖြင့် သားဖောက်ခြင်းနှင့် မွေးမြူခြင်းလုပ်ငန်းများအား      စဉ်ဆက်မပြတ်   တိုးတက်လေ့လာသွားရန် မှာကြားခဲ့ပြီး ဝက်ထီးကန် မြို့    တိုက်နယ်ဆေးရုံသို့ရောက်ရှိကာ       ဆေးရုံဝင်း ပတ်လည်   ခြံစည်းရိုးကာရံနိုင်ရေး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဆေးရုံအတွက် အထွေထွေ အသုံးပြုရန်  ငွေကျပ်   ငါးသိန်းကို   ထောက်ပံ့ပေး အပ်ကြောင်း သိရသည်။                  

  တင်စိုး(ပဲခူး)