
ပဲခူး စက်တင်ဘာ ၂
မြန်မာ တိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်း သား စည်းလုံးညီညွတ်မှုရှိစေရေး တို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြန်လည် ကျင်းပနိုင်ခဲ့ပြီဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
စက်တင်ဘာ ၁ ရက် နံနက် ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုကျင်းပသည့် ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှု ကို ဖော်ပြသည့်ပွဲတော် တစ်ခုဖြစ် ကြောင်း၊ မျိုးဆက်သစ်များအနေ ဖြင့် တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ် ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ် များအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိ နိုင်သည်အထိ ကြိုးစားယှဉ်ပြိုင် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူ များက (၂၃)ကြိမ်မြောက် ပဲခူး တိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲဝင်များက ဗိုလ်ရှုသဘင်သီချင်းဖြင့် လည်း ကောင်း၊ မင်းသားအကဖြင့် လည်းကောင်း၊ အိုးစည်အတီး အကဖြင့်လည်းကောင်း ဧည့်ခံ ဖျော်ဖြေကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပြန်လည်ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ မြို့တော် ခန်းမ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် သီရိဟံသာခန်းမတို့တွင် အနု သုခုမ ပညာရှင်/ဝါသနာရှင် စုစု ပေါင်း ၁၃၉ ဦး၏ အဆို၊ အက၊ အရေး၊ အတီး ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရှိ ဆေးဘက် ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်)နှင့် စိစစ်ရေးမှူး-၄ (ဆေးမှတ် တမ်း) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် အဆို ပါသင်တန်းကို သင်ကြားရေး ဆေးရုံဖြစ်သော ပဲခူး၊ တောင်ငူနှင့် ပြည် ဆေးရုံကြီးများတွင် ခြောက် လကြာ စာတွေ့/လက်တွေ့ သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်