
ပြည် ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီက ယနေ့နံနက်ပိုင်း တွင် ပြည်မြို့ ခုတင် ၅၀၀ အထွေ ထွေရောဂါကုဆေးရုံကြီး၏ လူနာ များအတွက် အောက်ဆီဂျင် အိုးကြီးအလုံး ၅၀ လှူဒါန်းကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်အိုးကြီး အလုံး ၅၀ ကို ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်စား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးတို့က ပြည်သူ့ ဆေးရုံကြီး ဆေးသိုလှောင်ရေး ဌာန၌ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းရာ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း ဆေးရုံကြီး တာဝန်ရှိသူ များထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)