
ပဲခူး ဩဂုတ် ၂၉
ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့ တက်ရောက်ချီးမြှင့်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က ကရင် ဖားစည်အား(၉) ချက်တီး၍ အခမ်းအနား ကို ဖွင့်လှစ်ပေးသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့် အမှာစကား ပြောကြားပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားကာ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ကရင် တိုင်းရင်းသားဘာသာစာပေသင်ဆရာမ တစ်ဦးက ရှင်းလင်းပြောကြားသည်။
ယင်းနောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဉ်းမငူကျေးရွာများမှ ကရင်တိုင်းရင်း သား/တိုင်းရင်းသူများက ဖဲကြိုးကျစ် အကနှင့် ကရင်ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးက ဦးဆောင်၍ ကရင်လူငယ် မောင်မယ်များက ကရင်အမျိုးသားအလံ နှင့် လက်ချည်ဖွဲ့မည့် ပစ္စည်းများကို သတ်မှတ်နေရာများသို့ သယ်ဆောင်ခြင်း၊ ဘိုးဘွားများနေရာယူခြင်းတို့ ဆောင်ရွက် ကြသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု ဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြ ပြီး ကရင်အဘိုးအဘွားများအတွက် ထောက်ပံ့ငွေအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ ငွေအား ပြည်ထောင်စုဝန်ကြီးကလည်း ကောင်း၊ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
နေ့လယ်စာဖြင့်တည်ခင်း
ထို့နောက် ညောင်လေးပင်ခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးစောလင်းအောင်က ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကာ အခမ်းအနားတက်ရောက်လာ ကြသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်