ပဲခူးမြို့နယ်တွင် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးမှု လျာထားချက်ထက် ကျော်လွန်ပြီးစီး

 

ပဲခူး  ဒီဇင်ဘာ   ၁၆ 


ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း များနှင့် ရပ်ရွာအေးချမ်းသာယာ လုံခြုံမှုရှိစေရေး    လုပ်ဆောင် ရာတွင် သက်ဆိုင်ရာဌာနများနှင့် အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၏    ကူညီပံ့ပိုးပေးမှု ကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

 


ဒီဇင်ဘာ ၁၅ ရက် နံနက် ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး    အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး     ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး   ဝန်ကြီးများနှင့် ပန်းခင်းစီမံချက်  လျာထားချက် ရာနှုန်းပြည့်အောင်    ပူးပေါင်း ဆောင်ရွက်ခဲ့သည့်   ပဲခူးမြို့နယ် အတွင်းရှိ    မြို့နယ်/ ရပ်ကွက်/ ကျေးရွာ      စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်      တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်က   စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်   မိမိတို့  မြို့ ရပ်ကွက်/ ကျေးရွာများ လုံခြုံမှုရရှိ ရေးအတွက် လုံခြုံရေးအမြင်ရှိရန် လိုအပ်ကြောင်း၊  နိုင်ငံသားတိုင်း မှတ်ပုံတင်     ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင် ပေးရာတွင် ပဲခူးမြို့နယ်အနေဖြင့် လျာထားချက် ကျော်လွန်ပြီဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်  တက်ရောက်လာ ကြသည့်    ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ   စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုး ရေးလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြရာ     တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း     ဆွေးနွေး ပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။                      

သတင်းစဉ်